Scarlatt Johansson ဟာ Porn လို့ခေါ်တဲ့ ဆက်စီအသားပေး ပုံတွေ ကြည့်ခြင်းနဲ့ မကြည့်ခြင်း စစ်ပွဲထဲမှာ သူမဘယ်ဘက်က ရပ်တည်မယ်ဆိုတာကို ထုတ်ဖော်ပြလိုက်ပါပြီ။ Marie Claire မဂ္ဂဇင်း မျက်နှာဖုံးရိုက်ကူးမှုမှာ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
အသက် (၂၈)နှစ်ရှိပြီဖြစ်တဲ့ သရုပ်ဆောင်ဟာ Romain Dauriac နဲ့ စေ့စပ်ထားပါတယ်။ “ကျွန်မအထင်တော့ porn နဲ့တူတဲ့ အခြားအရာမရှိပါဘူး။ ပျော်ရွှင်စေနိုင်တယ်။ အမျိုးသားတွေပါမက အမျိုး သမီးတွေအတွက်ပါ ဖြစ်နိုင်တယ်လို့ထင်တာပဲ” လို့ ပြောပါတယ်။
ဒါပေမယ့် Scarlatt က အသိဥာဏ်ပိုင်းနဲ့ ပတ်သက်လို့ ကိုယ်ဘယ်လောက်ထိ ဒီပုံတွေကို ကြည့်မယ်၊ လိုက်စားမယ်ဆိုတဲ့ သတ်မှတ်ချက် အတိုင်းအတာတစ်ခုတော့ မဖြစ်မနေ ရှိသင့်တယ်လို့ ဆိုပါတယ်။
Ref:mailonline
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။