တကယ်လို့ မင်းမှာ ပိတ်သားရောင်စုံ မီနီစကတ်တိုလေးတွေ တစ်ထည်မှ မရှိသေးဘူးဆိုရင်တော့ မင်းဟာ စကတ်တိုဆိုရင်အများအားဖြင့် အနက်ရောင်၊ နေဗီရောင်နဲ့ နီညိုရောင်တွေမှသာ ဒီစကတ်ပုံစံနဲ့ လိုက်ဖက်မယ်လို့ ထင်နေလို့ပါပဲ။
အခု အရင်ရှိထားတဲ့ မီနီစကတ်လေးတွေနဲ့ ကွဲပြားတဲ့ အရောင်အသွေးလေးတွေကို ဒီဇိုင်းအသစ်ထွင်ပြီး ၀တ်လို့ရတယ်ဆိုတာ ဖော်ပြပေးချင်ပါတယ်။
(၁) ၀တ်ဆင်လိုက်ရင် လွတ်လပ်တဲ့ခံစားမှုကို ပေးနိုင်ပါတယ်။ ညီတူညီမျှ လှပတဲ့ အရောင်အသွေးလေးကို ရရှိနိုင်ပါတယ်။
(၂) ရှက်သွေးဖြာနေတဲ့ပုံစံလေးကို ပိုင်ဆိုင်လိုတဲ့ နေ့တစ်နေ့အတွက် ရွေးချယ်သွားပါ။
(၃) ချည်ခင် ချည်သားအကွက်တွေဟာ အိမ်နေရင်းအတွက်လို့သာ ထင်နေသူတွေအတွက် ဒီ ဒီဇိုင်းလေးကို ၀တ်ဆင်ပြလိုက်ပါ။
(၄) မီနီစကတ်ထက် အနည်းငယ်ရှည်ပေမယ့် ရှည်ဖို့ လိုအပ်တဲ့နေရာမျိုးတွေမှာ ဒါကို ၀တ်ဆင်သွားပါ။ ပိုပြီး တည်ငြိမ်တဲ့အသွင် ရစေပါတယ်။
(၅) ဒါစကတ်ကို ဘယ်အရာက အဆန်းတကျယ်ဖြစ်သွားစေလဲဆိုတာ ဆုံးဖြတ်ရ ခက်နေလိမ့်မယ်။ မီးခိုးရောင် လျှပ်စီးတန်း ကန့်လန့်ဖြတ်အဆင်မှာ အ၀ါရောင် လက်လက်လေးတွေ ပါနေတာကြောင့်ပါ။
(၆) ကဲ ဒါကိုတော့ သင့်ရဲ့ ချည်သားချိုချဉ် စကတ်လေးလို့သာ ခေါ်လိုက်ပါတော့ ။
(၇) ဒီစကတ်ကိုမြင်ရုံနဲ့ အရောင်အသွေးစုံတဲ့ စပျစ်သီးဆွတ်ချိန် ရာသီကို ရောက်သွားသလိုပါပဲ ။
(၈) ဒါကတော့ လုံးဝဖန်စီပါ။ ကြိုးသိုင်းဖိနပ်တွေ ၊ဘွတ်ဖိနပ်တွေနဲ့ ခပ်ကြမ်းကြမ်းပုံစံ ဖန်တီးသွားနိုင်ပါတယ်။
(၉) အနီရောင်နှုတ်ခမ်းတစ်စုံနဲ့ ပွဲတက်ပုံစံ ဖန်တီးသွားလိုက်ပါ။ အထာကျမှာ သေချာပါတယ်။
အလုပ်သွား၊ ကျောင်းတက် ဘယ်နေရာအတွက်ဖြစ်ဖြစ် မီနီစကတ်က မရိုးသလို မရိုင်းပါဘူး။ ဒါကြောင့် ပေါ့ပေါ့ပါးပါး လမ်းသွားစတိုင်အများစုအတွက် ဒီလိုမျိုး မီနီစကတ်လေးတွေကိုသာ ဦးစားပေးရွေးချယ်သွားလိုက်ပါ။
Ref:Lucky