ဘယ်သူဘာပြောပြော lady Gaga ကတော့ ၂၀၁၅ခုနှစ်မှာ အာကာသထဲထွက်ပြီး သီချင်းဆိုတော့မယ်လို့ဆိုပါတယ်။
နာမည်ကြီး Applause သီချင်းရဲ့အဆိုတော်ဟာ Virgin Galactic flights ရဲ့အာကာသအစီအစဉ်တစ်ခုနဲ့အတူရွက်လွှင့်မှာဖြစ်ပြီး ပါးစပ်ပြောဇာတ်လမ်းတွေကတော့ ကမ္ဘာ့ဆွဲငင်အားမရှိတဲ့ နေရာမှာ အသံမှန်မှန်နဲ့သီချင်းဆိုနိုင်ဖို့ အဆိုလေ့ကျင့်ခန်းတွေတောင်လုပ်ဖို့စီစဉ်နေတယ်လို့ဆိုပါတယ်။
Lady Gaga ဟာပထမဆုံးအာကသထဲမှာ ဖျော်ဖြေရတဲ့သမိုင်းဝင် celebrity တစ်ယောက်ဖြစ်ဖို့ရည်ရွယ်နေတာဖြစ်ပါတယ်။
Virgin Galactic ရဲ့ပထမဆုံးစတင်မယ့်အာကာသခရီးစဉ်အပြီး ခြောက်လခန့်အကြာမှာတော့ အသက် ၂၇နှစ်ရှိပြီဖြစ်တဲ့ Gaga ဟာ နယူးမက္ကဆီကိုပြည်နယ်က အမေရိကန်အာကာသစခန်းမှာကျင်းပမယ့် Zero G Colony ပွဲတော်မှာလဲဖျော်ဖြေဦးမယ်လို့ဆိုပါတယ်။ ဖြစ်လာနိုင်တဲ့အဆိုးဆုံးရလဒ်တွေအတွက် ပြင်ဆင်မှုတွေလုပ်ပြီးပြီလို့လဲဆိုပါတယ်။
နောက်နှစ်မှာစတင်မယ့် အဲဒီ့အာကာသအစီအစဉ်မှာ Ashton Kutcher, Mila Kunis, Justin Bieber နဲ့ Leonardo DiCaprio တို့လိုနာမည်ကြီးတွေပါဝင်မှာဖြစ်ပါတယ်။ သူတို့ဟာထိုင်ခုံနေရာတစ်ခုစီအတွက် ဒေါ်လာ ၂၅၀၀၀၀ ပေးပြီးဝယ်ယူခဲ့ကြတာဖြစ်ပါတယ်။
လိုက်ပါမယ့်ခရီးသည်အများစုဟာ Necker လို့ခေါ်တဲ့ကျွန်းပေါ်မှာ လေ့ကျင့်ခန်းဆင်းခဲ့ကြတယ်လို့ဆိုပါတယ်။
သူတို့လိုက်ပါမယ့် အာကာသယဉ် spaceShipTwo ကို California ပြည်နယ် Mojave ကန္တာရထဲမှာ ၂၀၀၉ခုနှစ်က မိတ်ဆက်ပြသခဲ့တာဖြစ်ပါတယ်။
Ref:starpulse