ဖက်ရှင်လောကရဲ့အမှတ်အသားတစ်ခုဖြစ်တဲ့ ဗစ်တိုးရီးယားဘက်လမ်းဟာ သူမရဲ့ ထုတ်ကုန်တံဆိပ်ကို တိုးချဲ့နေပါတယ်။ ထုတ်ကုန်အသစ်တွေဖြစ်တဲ့ ရှူးဖိနပ် ၊ ရေမွှေး ၊ မိတ်ကပ်နဲ့ အတွင်းခံ ဈေးကွက်ကို အာရုံစိုက်ထားပြီး လူထုအကြားပျံ့နှံ့အောင် အားထုတ် နေပါတယ်။
ဗစ်တိုးရီးယားဘက်ခမ်းဟာ တစ်ချိန်က ပေါ့ပ်စတားတစ်ဦးဖြစ်ပါတယ်။ ဖက်ရှင်ပိုင်းမှာလဲ သူမရဲ့ တံဆိပ်နဲ့ပတ်သက်ပြီး ကြီးမားတဲ့အနာဂတ်အစီအစဉ်တွေရှိကြောင်း ပြောထားပါတယ်။“ကျွန်မ ကြီးသထက် ကြီးထွားလာကိုလိုချင်တယ်”လို့ သူမရဲ့ ၂၀၁၄ ဆောင်းဦးရာသီ ဖက်ရှင်ပွဲမှာ နယူးယောက်တိုင်းမ် သတင်းစာကို အခုလိုဖြေခဲ့ပါတယ်။ “ကျွန်မ ဖက်ရှင်အင်ပါယာတစ်ခုလိုချင်တာပါ” တဲ့။
သူမဟာ တစ်ချိန်က စပိုက်စ်ဂဲလ်အဖွဲ့ဝင်အဖြစ်နဲ့စတင်နာမည်ကြီးခဲ့ပြီး ကမ္ဘာကျော် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းရဲ့ ဇနီးအဖြစ်နဲ့လဲ လူသိများခဲ့သူဖြစ်ပါတယ်။ အဲ့ဒီနောက်မှာမှ သူမရဲ့ ပထမဆုံး ၂၀၀၈ ခုနှစ်မှာကျင်းပခဲ့တဲ့ လမ်းလျှောက်ဖက်ရှင်ရှိုးနဲ့ သူမရဲ့ဒီဇိုင်းတွေကိုချပြရင်း ဖက်ရှင်လောကကို အံ့အားသင့်သွားစေခဲ့တာ ဖြစ်ပါတယ်။
သူမအပြောအရ သူမရဲ့ဒီဇိုင်းတွေကို သူမ၀တ်ချင်တဲ့ပုံစံမျိုးတွေသာ ရေးဆွဲထားတာ ပါတဲ့။ နေကာမျက်မှန် ၊ လက်ကိုင်အိတ်နဲ့ ဂျင်းတွေကိုလဲ ထပ်မံထုတ်လုပ်ထားပြီး သူမရဲ့ အဓိက တံဆိပ်ဖြစ်တဲ့ Viectoria Backham ဟာ အာရှမှာ ရုတ်တရက် ကျယ်ပြန့်လာပါတယ်။ “ကမ္ဘာပေါ်က နေရာတိုင်းမှာရှိတဲ့ အမျိုးသမီးမှန်သမျှဆီကို လက်လှမ်းမီသလောက် ကျွန်မထုတ်ကုန်တွေ ရောက်ရှိစေချင်တယ်” လို့ ပြောပါတယ်။
“ကျွန်မ ၀င်ရောက်ချင်တဲ့ ကဏ္ဍတွေအများကြီးရှိတဲ့အနက် လောလောဆယ်တော့ (၅)ခုကို အာရုံစိုက်ထားပါတယ်။ ကျွန်မ ရှူးတွေကိုနှစ်သက်တယ်။ ရေမွှေးတွေကို နှစ်သက်တယ်။ မိတ်ကပ်ကိုနှစ်သက်တယ်။ အတွင်းခံတွေကိုနှစ်သက်တယ်။ ပြီးတော့ ကျွန်မ ထပ်လုပ်ချင်တဲ့ အရာတွေအများကြီးကျန်ပါသေးတယ်။”လို့ အသက် (၃၉)နှစ်အရွယ် ကလေး(၄)ယောက်မိခင်က သူမကပြောပါတယ်။ မကြာသေးခင်ကမှ လော့စ်အိန်ဂျလိစ်ကနေ လန်ဒန်ကို ပြောင်းရွှေ့နေထိုင်ခဲ့တာဖြစ်ပြီး နေရာဟောင်းရဲ့ ရာသီဥတု၊ ဖွင့်ပွဲတွေနဲ့ မြို့ရဲ့ အမူအကျင့်လေးတွေကို လွမ်းတယ်လို့ဆိုပါတယ်။
“ကျွန်မဟာ ဘ၀တက်လမ်းကို စိတ်ထဲထည့်ထားတတ်သူပါ။ ကျွန်မအထင်တော့ ကျွန်မရဲ့ ကိုယ်ပိုင်အကြောင်းအရာ အမူအကျင့်တွေဟာ အမေရိကနဲ့ ပိုပြီးသင့်တော် လိမ့်မယ်။ ကျွန်မဟာ အလုပ်လုပ်နေတဲ့ မိခင်တစ်ယောက်ပါ” လို့ သူမက ပြောသွားပါတယ်။
Ref:herworldplus