လက်သည်းဆိုးဆေး ၀ါသနာပါသူများအတွက် အရောင်လေးတွေမှာ သူ့ ဂုဏ်သတ်္တိနဲ့သူ ရှိနေကြောင်း အနည်းငယ်ပြောပြပေးချင်ပါတယ်။
(၁)မင်းဟာ ပါတီတွေကိုနှစ်သက်သူ ၊ ကပွဲကြမ်းပြင်မှာ ထင်ပေါ်ချင်သူတစ်ယောက်ဆိုရင် တော့ ဒီလို နီယွန်ရောင် လက်သည်းနီ တောက်တောက်လေးတွေကို ဆိုးသင့်ပါတယ်။ ရူးရူး မိုက်မိုက်ဆယ်ကျော်သက်လေးအသွင်လဲဆောင်နိုင်တာပေါ့။
(၂)လူတွေက မင်းအကြောင်းကိုသိပ်သိလှပီလို့ သူတို့ကိုယ်သူတို့ထင်နေမှာကို မလိုလားဘူး ဆိုရင် အနက်ရောင်လက်သည်းနဲ့ သူတို့ကို အနည်းငယ်စိတ်ရှုပ်ထွေးသွားအောင် လုပ်လိုက်ပါ။ ပြီးတော့ လက်သည်းကိုဂရုစိုက်တတ်သူတစ်ယောက်ဖြစ်မှန်းလဲ သိသာစေ တယ်လေ။
(၃)အကောင်းမြင်သူတစ်ယောက်အနေနဲ့ တီထွင်ချင်စိတ်ရှိပါသလား။ ကိုယ့်ကိုယ်ကို ဘယ်လိုအကောင်းဆုံး ဖော်ပြချက်ပေးရမလဲ။ မသိရင် ဂရက်ဖစ်လက်သည်းစတိုင်နဲ့ ခေတ်ရှေ့ပြေးမှုကို ရယူလိုက်ပါ။ တကယ်လို့များ မင်းဟာ စကားလုံးတစ်လုံးဖြစ်ခဲ့မယ်ဆိုရင် မြင်ရသူရင်ထဲမှာ ထင်းပြီး နက်နေဖို့လိုသလိုပဲပေါ့။
(၄)မျက်နှာဟန်ပန်မိမိ နဲ့ စတိုင်ကျစေဖို့ သဘာဝဆန်တဲ့ အဖြူရောင်ကိုသာ ရွေးလိုက်ပါ။
(၅) ကိုယ့်ကိုယ်ကို ဟော့ မှန်းသိတယ်။ ပြီးတော့မင်းရဲ့ ဆွဲဆောင်မှုရှိတဲ့ ဟန်ပန်ကို ထုတ်ဖော်ပြဖို့ ၀န်မလေးဘူးဆိုရင်တော့ အနီရောင်ရဲရဲကို ရွေးချယ်လိုက်ပါ။ လူတိုင်းကလဲ မင်းရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုတဲ့ဟန်ကို နှစ်သက်ကြမှာပါ။
(၆)DIY ဟာ မင်းရဲ့အမှတ်အသားတစ်ခုလား။ လက်သည်းကို ဘာမှမဆိုးဘဲ ထားခြင်းဟာ ပြသနာများကို စိန်ခေါ်နိုင်သူ ၊ ဖြေရှင်းနိုင်သူ၊ ပြုပြင်တည်ဆောက်နိုင်သူအဖြစ် ဖော်ပြနိုင်ပါတယ်။
(၇)မင်းဟာ ချိုသာ ၊ ယဉ်ကျေးပြီး တာဝန်ယူတတ်သူတစ်ယောက်ဆိုတာကို ပန်းပွင့်ပုံ လက်သည်းလေးတွေက ဖော်ပြပေးနေပါတယ်။ ဒါတင်မက မိန်းမဆန်တဲ့ ဒီလက်သည်းပုံက မင်းသူငယ်ချင်းတွေရဲ့ မိဘများကပါ မင်းကိုအမှတ်ပေးနိုင်တဲ့ အရောင်အသွေးတစ်ခုပါ။
(၈)မင်းဟာ အမြဲတမ်းနောက်ထပ် အသစ်အသစ်တွေကို ဖန်တီးလိုစိတ်ရှိသူ တစ်ယောက် ဆိုရင်တေ့ တလက်လက်တောက်ပနေတဲ့ လက်သည်းတွေကို ရွေးချယ်လိုက်ပါ။ ကိုယ့်ရဲ့ အကြောင်းအရာဟာ ကိုယ့်လက်သည်းလိုပဲ ထပ်တူညီ တောက်ပနေခဲ့မယ်ဆိုတာ ယုံကြည် လိုက်ပါ။
(၉)လုံးဝစမတ်ကျတဲ့အရောင်ကတော့ အရောင်ဖျော့ဖျော့ အကြည်လေးတွေပါပဲ။ မင်းရဲ့ စတိုင်က ဂန္တ၀င်ဆန်ပြီး ဘယ်လမ်းခရီးသွားသွား ဒီအရောင်အသွေးနဲ့ သင့်တော်ပါတယ်။
(၁၀)နှလုံးသားကို ကိုင်လှုပ်နိုင်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ အသွင်ကတော့ ပန်းရောင် တောက်တောက် လက်သည်းတွေပါပဲ။ လူပေါ်ကျော့တစ်ယောက်မှန်း အနည်းငယ် သိသာသွားစေနိုင်မယ့် အရောင်ပါပဲ။
(၁၁)နူးနူးညံ့ညံ့နဲ့ မလှုပ်တလှုပ်အသွင်လေးရဖို့ ဒီလို အနုစိတ်စီချယ်အလှဆင် ထားခြင်းက အထောက်အကူပေးပါတယ်။ မင်းရဲ့အပေါင်းအပါတွေက မင်းဟာ ရွှေပေါ် မြတင်လေး တစ်ယောက်မှန်း အလွယ်တကူသိသာစေနိုင်ပါတယ်။
လက်သည်းလေးတွေနဲ့ ကိုယ့်ရဲ့ အသွင်အပြင်ကို အကောင်းဆုံး ဖော်ပြလိုက်ကြရအောင်။
Ref:seventeen