အလိုရှိကြောင်း ပို့စ်ကို သံသယရှိသူကပင် ပြန်လည် like လုပ်ပြီး မကြာခင်မှာပဲ ထိုသံသယရှိသူ အဖမ်းခံရ

capture_like.png

ဖေ့စ်ဘုတ်ပေါ်မှာ တရားခံတွေကို အလိုရှိတဲ့ အကြောင်းဖော်ပြတဲ့ စာမျက်နှာက သံသယရှိသူ တရားခံ တစ်ယောက်အား အလိုရှိကြောင်း ပို့စ်တင်ထားခဲ့ရာ ထို post ကို သံသယရှိသူကပင် ပြန်လည် like ပြုလုပ်သွားခဲ့ပြီး မကြာခင်မှာပဲ ထိုတရားခံ အဖမ်းခံလိုက်ရပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိတဲ့ Levi Charles Reardon ဟာ Crimestopper စာမျက်နှာကနေ အလိုရှိသည့် တရားခံအဖြစ် ဖော်ပြခြင်းခံခဲ့ရပါတယ်။ ထိုသို့ ဖော်ပြပြီးမကြာခင် အချိန်ပိုင်းအတွင်းမှာပဲ Levi Charles Reardon ဆိုတဲ့ သုံးစွဲသူ တစ်ယောက်က ထို ပို့စ်ကို like ပြုလုပ်သွားခဲ့ပါတယ်။

ထို Levi Charles Reardon ဆိုသူဟာ အမေရိကန် ပြည်ထောင်စု မွန်တားနား ပြည်နယ်မှာ ပိုက်ဆံအိတ် တစ်လုံးနဲ့ ချက်လက်မှတ်တွေကို ခိုးယူခဲ့တဲ့အတွက် အလိုရှိကြောင်း သတ်မှတ်ခံခဲ့ရတာဖြစ်ပြီး Levi က ပျောက်ဆုံးနေတဲ့ ချက်လက်မှတ်လေးစောင် ကို ငွေသား ထုတ်ယူထားတာကိုလည်း ခြေရာခံမိခဲ့တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ကတော့ Rearden ကို ဖမ်းမိပြီဖြစ်ကြောင်း အတည်ပြုပြောကြားလိုက်ပြီး Rearden ကို ဖမ်းဆီးရန် ဖမ်းဝရမ်း ၂ စောင် ရရှိခဲ့တယ်လို့ လည်း သိရပါတယ်။

Ref:mirror.co.uk

208 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.