အကြွေစေ့များနဲ့ ဆောက်ထားသော ပုံစံငယ်မြို့လေး

d4bed9d6cb4016abd55704.jpg

တရုတ်နိုင်ငံ Chongqing မြို့ဒေသခံ အမျိုးသားတစ်ယောက်က တစ်လအတွင်း  Chongqing မြို့ပုံစံငယ် တစ်ခု ပြုလုပ်ခဲ့ပါတယ်။ ကော်စေးလုံးဝ မသုံးဘဲ အကြွေစေ့တွေကို သူ အစီအရီ ဆင့်စီပြီး ၄င်းမြို့ကို ဖြတ်ပြီး စီးဆင်းနေတဲ့ Yangtze နဲ့ Jialing မြစ်ကို ပုံဖော်ဖို့ မဟူရာကျောက်စရစ်ခဲတွေ အသုံးပြုခဲ့ပါတယ်။

ရှေးဟောင်းအကြွေစေ့တွေနဲ့ နိုင်ငံခြားအကြွေစေ့တွေ အပါအဝင် အရေအတွက် ၅၀,၀၀၀ ကျော်ရှိတဲ့ အကြွေစေ့ အသေးစား ၁၁ မျိုး အသုံးပြုထားပါတယ်။ E’gongyan တံတား၊ Yangtze မြစ်ပေါ်က တံတားတွေနဲ့ Jialing မြို့ပေါ်က တံတား ၂၈ စင်း စတဲ့ Chongqing မြို့ရဲ့ အထင်ကရ အဆောက်အအုံ အားလုံးပါဝင်ပါတယ်။

Peiqi အမည်ရသူဖြစ်တဲ့ သူက သူဟာ အကြွေစေ့ စုဆောင်းသူ တစ်ယောက်ဖြစ်ပြီး မတော်တဆ ခဏခဏပြိုပြိုလဲကျတာကြောင့် ဒီပုံစံငယ်လေးကို အကြိမ်ကြိမ်လုပ်ခဲ့ရတယ်။ ကော်ဆေးမသုံးထားတာကြောင့် တစ်နေရာရာပျုလဲပြီဆို ကျန်တဲ့အပိုင်းတွေ ဆက်တိုက်ဖြစ်ပွားတော့တာပဲ လို့ ပြောဆိုခဲ့ပါတယ်။ 

Ref: CD 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.