ဥရောပမှာ အ၀လွန်သူတွေကို မသန်စွမ်းတွေအဖြစ် သတ်မှတ်

2765116600000578-3030815-a_survey_of_1_000_british_companies_revealed_almost_half_are_les-a-14_1428573356456.jpg

အ၀လွန်နေသူတွေဟာ အလုပ်လျှောက်ရင် မရကြတာ များတယ်လို့ စစ်တမ်းကောက်ယူမှု အသစ်တစ်ခုအရ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ အ၀လွန်သူတွေဟာ အပျင်းကြီးပြီး တာဝန် မယူနိုင်ကြဘူးလို့ အလုပ်ရှင်တွေက ထင်နေကြလို့ပါ။

ဗြိတိန် ကုမ္မဏီ ၁၀၀၀ ခန့်ဟာ သူတို့ရဲ့အလုပ်ခေါ်ယူမှုအတွက် အင်တာဗျူးပြီးလို့ အလုပ်လျှောက်သူဟာ အ၀လွန်နေသူ တစ်ယောက်ဆိုရင် အလုပ်မခန့်ပဲ ငြင်းပယ်လိုက်ကြပါတယ်။

၂၀၁၀ ခုနှစ်တုန်းကလည်း အသက် ၅၀ အရွယ် Karsten Kaltoft ဆိုသူက သူ့ကို ဒိန်းမတ် က အာဏာပိုင်တွေက အ၀လွန်တဲ့အတွက် သူ့ကို အလုပ်ကထုတ်ပယ်ခံခဲ့ရတယ်လို့ ဥရောပ တရားရုံးတစ်ခုမှာ အမှုဖွင့်ခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ မှာတုန်းကတော့ ဥရောပ တရားသူကြီးတွေက အ၀လွန်သူတွေကို မသန်စွမ်းများအဖြစ် သတ်မှတ်ကာ သူတို့ရဲ့ အလုပ်ကို သူတို့လုပ်နေချိန်တွင် အခွင့်အရေးနဲ့တာဝန် အပြည့်ရှိတဲ့ လူတစ်ယောက် ကဲ့သို့ အခြားအလုပ်သမားနည်းတူ ခံစားခွင့်ရှိရမယ် လို့ ဥပဒေ သတ်မှတ်ခဲ့ကြပါတယ်။

ဥရောပ မှာ အခုလို ဥပဒေတွေ ချမှတ်ခဲ့ပေမယ့်လည်း မသန်စွမ်းတွေကဲ့သို့ သတ်မှတ်ခံထားရတဲ့ အ၀လွန်သူ တွေဟာ နောက်ထပ်တစ်ကြိမ် ခံစားခွင့်နဲ့တာဝန် ပိုကြီးမားတဲ့ အလုပ်တစ်ခုကို လျှောက်ထားတဲ့အခါ ခွဲခြားဆက်ဆံခြင်း မခံရဖို့အတွက် သေချာဖို့ လိုအပ်နေသေးတယ်လို့ ဆိုနေကြပါတယ်။

Ref:dailymail.co.uk

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.