သားလေး အနားမှာ အချိန်ပြည့်နေချင်တဲ့ အတွက်ကြောင့် အနုပညာအလုပ်တွေကို ရပ်ဆိုင်းထားတဲ့ ချောရတနာ

capture_chaw.png

သားလေးရှိလာလို့ အနုပညာ အလုပ်တွေကို ရပ်ဆိုင်းထားတဲ့ ချောရတာနာက သင်္ကြန်ကို ချောင်းသာမှာဖြတ်သန်းခဲ့တယ်လို့ သိရပါတယ်။ ခုချိန်မှာ မိသားစုအတွက် အချိန်ပိုပေးဖြစ်နေတဲ့သူမက “အစ်မတို့မိသားစုဘ၀လေးက အစ်မသားလေး ရှိလာတဲ့အချိန်မှာ ပိုပြီး ပြည့်စုံတယ်လို့ ခံစားလာရတယ်။ ပျော်လဲ ပျော်တယ်။ အစ်မသားလေးနဲ့ နေရတဲ့အချိန်မှာ ပြီးပြည့်စုံ မှုကိုလဲ ခံစားရတယ်။ သားလေး ရှိလာတဲ့အခါ မိခင်တစ်ယောက်ဖြစ်သွားတဲ့ အတွက်လဲ ဂုဏ်ယူမိတယ်။ သားလေးနာမည်က ကောင်းသုတကျော်ပါ။ တစ်နှစ်ပြည့်သွားပါပြီ။ မိန်းမ တစ်ယောက်က အိမ်ထောင်ပြုပြီးသွားတဲ့ အချိန်မှာ မိခင်တစ်ယောက် ဖြစ်ခွင့်ရတဲ့အတွက် စိတ်ရဲ့ ပြီးပြည့်စုံမှုက အတိုင်းထက်လွန်ပဲပေါ့။ အစ်မ အမျိုးသားနဲ့ကျတော့လဲ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတွေ အပြည့်အ၀ထားတဲ့ အိမ်ထောင်ရေးလေး တစ်ခုပေါ့။ လင်နဲ့မယားဆိုတော့ ကတောက်ကဆလေး ကတော့ တခါတလေမှာ ရှိတာပေါ့နော်။ အစ်မ အမျိုးသားကလဲ နားလည်မှု အပြည့်ရှိပါတယ်။ အစ်မအမျိုးသားက အစ်မထက်စာရင်လူကြီးပိုဆန်တယ်။ အစ်မကတော့ ကလေးဆန်တာပေါ့နော်။

အနုပညာအနေနဲ့ကတော့ အစ်မအခုလောလောဆယ် အစ်မသားလေးကို အချိန်အများကြီး ပေးချင်တယ်။ သူကလဲ အစ်မကို အရမ်းကပ်တဲ့ အခါကျတော့ သူ့ကို အိမ်မှာထားခဲ့ပြီး အပြင်မှာ အလုပ်ထွက် မလုပ်ချင်တော့ဘူး။ အဲ့ဒါကြောင့် အစ်မ ကားရိုက်တွေ သိပ်လက်မခံဖြစ်တော့ဘူး။ သိပ်မရိုက်ဖြစ်တော့ဘူး။ ကားရိုက်က အချိန်လဲ အရမ်းပေးရတယ်။ အဲ့ဒါကြောင့်ပါ။ တခါတလေ ဓာတ်ပုံရိုက်လေးတွေ ကျတော့လဲ နည်းနည်းပါးပါး တော့ ရိုက်ဖြစ်မှာပါ။ လောလောဆယ်တော့ အတိအကျ မပြောဖြစ်သေးဘူး။ အနုပညာပိုးကတော့ ရှိနေသေးတယ်။ အစ်မပရိသတ်တွေလဲ ရှိနေသေးတဲ့အတွက် ဒီအနုပညာ အလုပ်ကိုတော့ မစွန့်လွှတ်နိုင်သေးပါဘူး။”လို့ သူမက ပြောပြသွားပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.