ကမ္ဘာ့အကြီးဆုံး မိုးလုံလေလုံ လိပ်ပြာဥယျာဉ် Dubai တွင် ဖွင့်လှစ်

maxresdefault.jpg

Garden Tourism Awards 2015 မှ ပေးအပ်တဲ့ Moselle Award for New Garden Experience ဆုကို Dubai Miracle Garden မှ ရရှိခဲ့ပါတယ်။

ပန်းပေါင်း ၄၅ မီလီယံ ရှင်သန်ရာဖြစ်တဲ့ Dubai Miracle Garden မှာ ၇၂,၀၀၀ စတုရန်းမီတာ ကျယ်ဝန်းပြီး Dubailand area မှာ တည်ရှိပါတယ်။ အမိုးခုံးပုံ (dome) ၉ ခုရှိပြီး ၁,၈၀၀ စတုရန်းမီတာ ကျယ်ဝန်းတဲ့ စက်ဝိုင်းပုံ Dubai Miracle Garden မှာ လူ အယောက် ၃၀၀ ဆန့်နိုင်တဲ့ ပမာဏရှိပါတယ်။

လိပ်ပြာတွေ အဆင်ပြေမယ့် ဝန်းကျင် တစ်ခုဖြစ်စေဖို့နဲ့ တစ်နှစ်ပတ်လုံး ပိတ်ရက် မရှိဖွင့်နိုင်အောင် အမိုးခုံးတွေကို ဥတုရာသီ စီမံ ဆောင်ရွက်ပေးထားပါတယ်။

အမိုးခုံးပုံ Dome သုံးခုက တစ်ကမ္ဘာလုံးမှ လိပ်ပြာ ၁၅,၀၀၀ ရဲ့ ရှင်သန်ရာဖြစ်ပြီး နောက်လ အနည်းငယ်အတွင်း ၄၀ ထိများပြားလာမယ့် မျိုးစိတ်ပေါင်း ၂၆ ခုပါဝင်တယ်။

ဒီလိပ်ပြာဥယျာဉ်က ကမ္ဘာ့အကြီးဆုံးဖြစ်ပြီး လိပ်ပြာကောင်တွေနဲ့ ပိုးတုံးလုံး အပါအဝင် လိပ်ပြာ ၁၅,၀၀၀ ရှိပြီး  ၂,၆၀၀ စတုရန်းမီတာ ကျယ်ဝန်းပါတယ်လို့ Dubai Butterfly Garden and Miracle Garden မန်နေးဂျင်း ဒါရိုက်တာ Abdel Nasser Rahhal က ပြောဆိုခဲ့ပါတယ်။

Ref: CCTV-Africa

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.