Ariana Grande ကိုဖျော်ဖြေပွဲမှာ လိုတာထက်ပို သိုင်းဖက်ဖျော်ဖြေခဲ့တဲ့ Justin Bieber အား Big Sean သတိပေး

safe_image.php_.jpg

Ariana Grande ရဲ့ Los Angeles ဖျော်ဖြေပွဲမှာ Justin Bieber နဲ့အတူ နှစ်ယောက်စုံတွဲ ဖျော်ဖြေနေတုန်း Bieber ဟာ ပိုင်ရှင်ရှိပြီးသားဖြစ်တဲ့ Ariana Grande ကို လိုအပ်တာထက်ပို နောက်က သိုင်းဖက်တာမျိုး၊ မျက်နှာချင်း ဆိုင် ပွေ့ဖက်တာမျိုးတွေ အလွန်အမင်း လုပ်ပြခဲ့ပါတယ်။ ဒီလို လုပ်ခဲ့တာဟာ စင်ပေါ်မှာ sexy ကျကျ ပြုမူခဲ့တာမှန်း အားလုံးသိပြီး ဖြစ်သလို Ariana Grande ရဲ့ ချစ်သူ Big Seanလည်း ရိပ်မိခဲ့ပါတယ်။

ဒါ့ကြောင့်လည်း ဖျော်ဖြေပွဲပြီးပြီးချင်းမှာ Big Sean က သူ့ရဲ့Twitter မှာ "ဒီကလေးကတော့ ငါ့ကောင်မလေးကို မထိဖို့ သင်ယူရတော့မယ့် သဘောမှာ ရှိတယ်"ဆိုပြီး ရေးသားလိုက်ပါတယ်။ ဒါပေမယ့် ခုလို ရေးသားပြီး မကြာခင်မှာပဲ ဒါကို ပြန်ဖျက်ပစ်လိုက်ပါတယ်။

TMZ ရဲ့ ဖော်ပြချက်အရတော့ ခုလိုရေးသားခဲ့တာ အမှန်ပဲဖြစ်ကြောင်း သိရပြီး Big Sean နဲ့ Justin တို့နှစ်ဦးဟာ သူငယ်ချင်း ဖြစ်ကြောင်းကိုလည်း ပြန်လည်ထောက်ပြခဲ့ပါတယ်. ဒါ့ကြောင့် နောက်ပိုင်း သုံးယောက်သား ဘယ်လိုစခန်းသွားမယ်ဆိုတာကတော့ စောင့်ကြည့်ရဦးမှာပါ။

Ref:cosmopolitan

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.