မထင်မှတ်ထားတဲ့ ပျော်ရွှင်စရာကို ကြုံတွေ့လိုက်ရတဲ့ Tiger Wood

tiger-woods.jpg

ဂန္တ၀င်ဂေါ့ဖ် ကစားသမားကြီး Tiger Wood ဟာ ဂျော်ဂျီယာ ပြည်နယ် အော်ဂတ်စတာ မြို့မှာဂေါ့ဖ် လေ့ကျင့်နေစဉ် မထင်မှတ်ထားတဲ့ ပျော်ရွှင်စရာကို ကြုံတွေ့လိုက်ရပါတယ်။

အဲဒါကတော့ သူ့ရဲ့ လက်ရှိရည်းစား Lindsey Vonnဟာ Tiger Wood ရဲ့ ကလေး ၂ ယောက်ကို ခေါ်လာပြီး Tiger Wood ဆီ လာရောက် လည်ပတ်ခဲ့လို့ပါပဲ။

အသက် ၇ နှစ်အရွယ် သမီးလေး Sam နဲ့ ခြောက်နှစ်အရွယ်သားလေး Charlie တို့ဟာ Tiger Wood နဲ့ သူ့ရဲ့ဇနီးဟောင်း Elin Nordegrenနဲ့ ရခဲ့တဲ့ ကလေးတွေ ဖြစ်ပြီး သူတို့ ၂ ဦးဟာ ၂၀၀၄ ခုနှစ်မှာ စတင်လက်ထပ်ကာ ၂၀၁၀ မှာ လမ်းခွဲခဲ့ကြတာဖြစ်ပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Tiger Wood ရဲ့ လက်ရှိချစ်သူ အသက် ၃၀ အရွယ်သာ ရှိသေးတဲ့ Lindsey Vonnဟာလည်း ရေခဲပြင် စကိတ်သမား Thomas Vonnနဲ့ ၂၀၁၁ မှာ တရားဝင် ကွာရှင်းပြီးတဲ့နောက်ပိုင်းမှ ၂၀၁၃ ခုနှစ်မှာ Tiger Wood နဲ့ ချစ်သူတွေ ဖြစ်လာကြတာပဲဖြစ်ပါတယ်။

Tiger Wood က သတင်းထောက်တွေကို ပြောကြားခဲ့တာကတော့ သူ့ရဲ့ ကလေးတွေ အခုလို လာရောက်လည်ပတ်မှုဟာ ဒီနေ့စ ပြီး ယှဉ်ပြိုင်ရမယ့် Masters Par 3 Tournament အတွက် ခွန်အားဖြစ်စေတယ် လို့ ဆိုပါတယ်။

Ref:starpulse.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.