မန်ယူ (၁၆)သင်းရှုံးထွက်အဆင့်တက်ရန် ယုံကြည်ချက်အပြည့်ရှိဟု ရိုင်ယန်ဂစ်ပြော

news_d12.jpg

စပိန်မြေသို့သွားကာ ရီးရဲလ်ဆိုစိဒက်နှင့် ကစားခဲ့သောပွဲတွင် ဗန်ပါဆီ၏ပင်နယ်လ်တီလွဲချော်မှုအပါအ၀င်  တိုင်ထိထွက်ခဲ့ခြင်း၊ အခွင့်အရေးများကို တိုက်စစ်မှူးများက အပြည့်အ၀အသုံးမချနိုင်ခဲ့ခြင်းများကြောင့် မန်ယူမှာ (၁၆)သင်းရှုံးထွက်အဆင့်တက်ရောက်ခွင့်သေချာစေမည့် အနိုင်(၃)မှတ်ကို လက်လွတ်ခဲ့ရသော်လည်း သေချာ ပေါက်တက်လှမ်းနိုင်ရန် ယုံကြည်နေကြောင်း သက်တော်ရှည်ကစားသမားရိုင်ယန်ဂစ်က ပြောလာခဲ့သည်။ မန် ယူသရေကျခဲ့ချိန်တွင် ဒုတိယနေရာမှ လေဗာကူဆင်ကလည်း ဂိုးမရှိသရေကျခဲ့သဖြင့်သက်သာရာရခဲ့ခြင်း လည်းဖြစ်သည်။ “ ဒီနေ့ပွဲကို ကျွန်တော်တို့အသင်း ထိန်းချုပ်နိုင်ခဲ့ပါတယ်။ အခွင့်အရေးကောင်း (၃)ကြိမ်အထိ ရခဲ့ပြီး နိုင်တောင်နိုင်ခဲ့သင့်တာပါ။ ကစားပုံကိုကျေနပ်မိပေမယ့်လည်း (၃)မှတ်မရတာကိုတော့ စိတ်ပျက်ခဲ့ရပါ တယ်။ အဝေးကွင်းမှာ သရေကျပြီး အိမ်ကွင်းမှာ (၃)မှတ်ယူနိုင်ရင် ပုံမှန်အားဖြင့်တော့ (၁၆)သင်းအဆင့်တက် မှာပဲလေ။ အဲဒီလိုလုပ်နိုင်ဖို့ကိုလည်း လမ်းကြောင်းပေါ်ရောက်နေပြီလို့ ယုံကြည်ထားပါတယ်။ (၂)ပွဲကစားဖို့ကျန် သေးပြီး ခက်ခဲမယ့်ပွဲတွေဆိုတာ သိပေမယ့် နောက်တစ်ဆင့် သေချာပေါက်တတ်နိုင်မှာပါ”ဟု ရိုင်ယန်ဂစ်ကပြော ခဲ့သည်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.