အမေရိကမှာ ကျောင်းသားတွေ Twitter သုံးပြီး စာမေးပွဲခိုးချ ဖြေဆို

twitter.png

အမေရိက,က အထက်တန်းကျောင်းသားနှစ်ဦးဟာ Twitter သုံးပြီး အထက်တန်းစာမေးပွဲမှာ ခိုးချဖြေဆိုခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

သို့ပေမယ့် အဆိုပါကျောင်းသားတွေရဲ့ အမည်နာမနဲ့ ကျောင်းကို ဖော်ပြထားခြင်းမရှိကြောင်း Reuters သတင်းအရ သိရပါတယ်။

Twitter ၊ Instagram နဲ့ Facebook အပါအဝင် လူမှုမီဒီယာကို ရှာဖွေဖို့ test company မှ ငှားထားတဲ့ လုံခြုံရေးကုမ္ပဏီမှ grade 10th ကျောင်းသားများ ခိုးဖြေတဲ့ နမူနာတွေ တွေ့ရှိခဲ့တယ်လို့ Maryland ပြည်နယ် ပညာရေး ဝန်ကြီးဌာနက ပြောဆိုခဲ့တယ်။

ဒါဟာ အနီးနားချင်း ခေတ်မီတဲ့ ခိုးချမှုပုံစံဖြစ်ကြောင်း Reuters က ကိုးကားဖော်ပြခဲ့တယ်။

တင်ထားတဲ့ ပို့စ်တွေမှာ အင်္ဂလိပ်စာမေးခွန်းတစ်ခှမှ အကြောင်းအရာတွေ ပါဝင်နေပါတယ်။ ၄င်းကျောင်းသားတွေကို ရှာဖွေတွေ့ပြီး  Twitter ပေါ်မှ ချက်ချင်းဖြုတ်ချခံခဲ့ရပါတယ်။

Maryland၊ Comlumbia နဲ့ အခြားပြည်နယ် ၁၀ ခုက ကျောင်းသားတွေကလည်း ဒီနွေဦးမှာ (၁)လ course အကုန် အွန်လိုင်းစာမေးပွဲ စစ်ဆေးမှုကို ဖြေဆိုနေကြတာ ဖြစ်ပါတယ်။

ပြည်နယ် ၆ ခုမှာ ကျောင်းသားတွေ ဒီစားမေးပွဲ ဖြေဆိုတဲ့ အသုတ်မှာ tests နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ အွန်လိုင်းပေါ်တင်တဲ့ဖြစ်ရပ် ၇၆ ခု တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
Ref: CCTV-Africa

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.