အာရှရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် နေအိမ်သို့ ဖောက်ထွင်းဝင်ရောက်ခဲ့တဲ့ အမျိုးသားဖမ်းဆီးခံရ

d4bed9d6cb40168ee51e0c.jpg

လူငယ်တစ်ဦးဟာ အာရှတိုက်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် Li Ka-Shing အိမ်သို့ ဖောက်ထွင်းဝင်ရောက်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။

အနက်ရောင် ဝတ်ဆင်ထားတဲ့ အသက် ၁၉ နှစ်အရွယ် တရုတ်ပြည်မဖွား အလုပ်လက်မဲ့ Meng Hongwei ဆိုသူမှာ Easter Holiday ရဲ့ ပထမဆုံးနေ့ သောကြာနေ့မှာ ဟောင်ကောင်မြို့ 79 Deep Water Bay လမ်းမပေါ်က Li ရဲ့ စံအိမ်တော်ကြီးရဲ့ခြံစည်းရိုးပေါ် တက်ကျော်ဖို့ ကြိုးစားနေတုန်း ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှု ခံခဲ့ပါတယ်။

တောင်စောင်းတစ်ခုပေါ်က လေးထပ်အမြင့်ရှိ ယင်းစံအိမ်တော်ကြီးကို ၂၀၁၃ မှာ ဆောက်လုပ်ပြီးစီးခဲ့တာဖြစ်ပြီး လုံခြုံရေး တင်းကြပ်စွာ ချထားကာကြီးမားတဲ့ ခြံစည်းရိုးနဲ့ ၀န်းရံထားတယ်။

ယင်းသူဌေး ပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်းတွေ မတရားရယူဖို့ ကြိုးပမ်းနေတဲ့ Meng ကို Sham Chun မြစ် ကျော်ဖြတ်ပြီး ဟောင်ကောင်သို့ ကျူးကျော် ဝင်ရောက်လာတဲ့အချိန်မှာလည်း တွေ့ရှိခဲ့ပါတယ်။

လက်ရှိအချိန်မှာ Meng ဟာ ကျူးကျော်မှုနဲ့ နယ်မြေတွင်း တရားမဝင် ဝင်ရောက်မှုစွဲချက်နှစ်ခုနဲ့ မေလ ၁၈ အထိ ထိန်းသိမ်းခံရမှာဖြစ်ပါတယ်။ 

Ref: Chinadaily

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.