ရေဓါတ်ခမ်းခြောက်မှုကြောင့် ဆေးရုံတင်ထားရတဲ့ Blues ဂီတ ရဲ့ ဂန္တ၀င် ဂစ်တာသမားကြီး B.B.King

b_b_king-jsh-018657.jpg

Blues ဂီတ ရဲ့ ဂန္တ၀င် သူရဲကောင်းတစ်ယောက်ဖြစ်တဲ့ B.B.King ဟာ သူ့ရဲ့ ဆီးချိုရောဂါကြောင့် လတ်စ်ဗီးဂတ်စ် ဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၈၉ နှစ်ရှိနေပြီဖြစ်တဲ့ ဂစ်တာသမားကြီး B.B.King ဟာ သူ့ရဲ့ ဆီးချိုသွေးချို ရောဂါက တစ်ဆင့် ရေဓါတ် ခမ်းခြောက်ခဲ့တာ ဖြစ်တယ်လို့ သူ့ရဲ့ သမီးဖြစ်သူကဆိုပါတယ်။

“အဖေ ဆေးရုံတင်ရတယ်ဆို ရေဓါတ်ခမ်းခြောက်သွားလို့ပါ။ သူအခုတော့ သက်သာလာပါပြီ။ သူ့ရဲ့ရောဂါက အမျိုးအစား ၂ ဆီးချိုသွေးချို ရောဂါ ပါ လို့” B.B King ရဲ့ သမီးဖြစ်သူ Claudette က LA Times သတင်းဌာနကို ဆိုပါတယ်။

သူဟာ အရင်က မြင်းစီးသား လုပ်ခဲ့စဉ်က အသုံးပြုခဲ့တဲ့ အမည် Beale Street Blues Boy ဆိုတဲ့ အမည် ထဲ Blues Boy ကို B.B အဖြစ် သူ့ရဲ့ အနုပညာ အမည်မှာ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။ သူဟာ ၁၉၈၇ ခုနှစ်မှာ Rock and Roll Hall of Fame သို့ ပါဝင်ခွင့်ရခဲ့ပြီး ဂရမ်မီ ဆန်ခါတင် အဖြစ် အကြိမ် ၃၀ သတ်မှတ်ခံခဲ့ ရပါတယ်။

B.B.King ဟာ မနှစ်က ချီကာဂို မှာ ပြုလုပ်တဲ့ ဖျော်ဖြေပွဲတစ်ခုအတွင်း ရေဓါတ်ခမ်းခြောက်မှုကြောင့် ဖျားနာခဲ့ပြီး သူ့ရဲ့ နယ်လှည့်ဖျော်ဖြေပွဲတွေ အားလုံးကို ပယ်ဖျက် ခဲ့ရတာပဲ ဖြစ်ပါတယ်။

Ref:starpulse.com

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.