ကိုယ်စိတ်ဝင်စားနေတဲ့ ကောင်မလေး ကိုယ့်ဘက်ပါလာအောင် ဘယ်လိုပြုမူလုပ်ဆောင်သင့်သလဲ

couple_in_kitchen_toppick_crop.jpg

ကိုယ်ချစ်နေမိတဲ့ ကောင်မလေး ကိုယ့်ကို ပိုစိတ်ဝင်စားလာအောင် ဆွဲဆောင်ချင်ကြတာ အမျိုးသားတိုင်းပါပဲ။ ကိုယ့်ကောင်မလေးရှေ့မှာ ကိုယ်ဟာ ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတစ်ယောက် ဖြစ်ချင်တတ်ကြပါတယ်။  ဒီလို ကောင်မလေးက ကိုယ့်ဘက်ယိမ်းညွှတ်လာအောင် လုပ်ဆောင်ပေးနိုင်တဲ့ အချက်တွေက

(၁)     သူမဘက်မှာ အမြဲတမ်း ရှိပေးပါ။

တစ်စုံတစ်ယောက်ဟာ ကိုယ့်ရဲ့ဘက်မှာ အမြဲတမ်း ရှိနေတယ် ဆိုတဲ့အသိလောက် ကျေနပ်စရာ ကောင်းတာ မရှိပါဘူး။ ဘာတွေဖြစ်ဖြစ် သင့်ရှေ့က မားမားမတ်မတ်ရပ်တည်ပေးရုံမက သင့်ဘက်ကအမြဲရှိမယ်ဆိုတာ အပြောနဲ့တင် မဟုတ် အလုပ်နဲ့ပါ သက်သေပြပါ။ ဒါကို ရိုးရှင်း လွယ်ကူစွာ ပြုလုပ်နိုင်ပါတယ်။ သူမရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီး သင် ဘယ်လောက်သဘောကျကြောင်း ၊ ဘယ်လောက်အထင်ကြီးကြောင်းလည်း ပြောပြပေးပါ။

(၂)     သူမရဲ့ ၀ါသနာကို အားပေးပါ။

သင်က ထိုက်သင့်တဲ့ အကြံဥာဏ်တစ်ချို့ ပေးခဲ့ရင်တောင် လက်မခံနိုင်ဘူးဆိုရင်တော့ သူမမှာ သေချာတဲ့ ၀ါသနာတစ်ခု ရှိနေလို့ပါ။ ဒါကြောင့် သူမရဲ့ ၀ါသနာကို အားပေးလက်ခံလိုက်တာ အကောင်းဆုံးပါပဲ။ သင့်ရဲ့ စိုးရိမ်မှုနဲ့ စိတ်ပူပန်မှုတွေကို ခဏဘေးချိတ်လိုက်ပြီး သူမ၀ါသနာကို လိုက်ပါ အကြံပေးလိုက်မယ်ဆိုရင် သူမလည်း ပိုပျော်ရွှင်နိုင်မှာပါ။

(၃)     ချစ်ခင် ယုယပါ။

 ဒီထက် အံ့သြဖွယ်ကောင်းပြီး ထိရောက်တဲ့နည်းလမ်း မရှိတော့ပါဘူး။ သင့်ရဲ့ အချစ်တွေနဲ့ သူမအပေါ်ထားတဲ့ စေတနာတွေကို သူမသိနိုင်တဲ့ နည်းလမ်းတွေနဲ့ ပြသပေးပါ။ သူမအတွက် မနက်စာပြင်ဆင်ပေးတတ်တဲ့ သင့်ရဲ့ ဒီအပြုအမူမျိုးတွေကြောင့် သူမအနေနဲ့ တစ်ယောက်တည်း ရှိချိန်မှာလည်း ပြန်လည်သတိရ ခံစားနေမိမှာပါ။

(၄)     အရာရာဟာ သူမအတွက်လို့ သိပါစေ။

နေ့ရက်တစ်ရက်ချင်းစီတိုင်းမှာ သင်လုပ်နေသမျှ အရာအားလုံးဟာ သူမအတွက်ပဲ ဖြစ်တယ်လို့ သိနေပါစေ။ ညဘက်မှာ သူမနဲ့ချိန်းဆိုပြီး အသစ်အဆန်းတွေ ရှာဖွေပြသတာမျိုး၊ သူမအတွက် နှစ်သက်တာတွေကို အမှတ်ရ ၀ယ်ပေးတတ်တာမျိုး လိုအပ်ပါတယ်။ ဒီအပြုအမူတွေဟာ သူမစိတ်ရဲ့ အနက်ရှိုင်းဆုံးတစ်နေရာကို ရိုက်ခတ်စေပါတယ်။

(၅)     သင့်ရဲ့ ရူပါကိုလန်းအောင် ပြင်ဆင်ပြီး အံ့သြသွားပါစေ။

 အမျိုးသမီးတွေက အကြွားလေးလဲ သန်ချင်ကြပါသေးတယ်။ သင့်ရဲ့ သပ်ရပ်ခန့်ညားတဲ့ အသွင်အပြင်ဟာ သူမတို့အနေနဲ့ လူကြားထဲ ချင်ပြချင်စရာ ဖြစ်နေပါလိမ့်မယ်။ အိမ်ထောင်သက်ကလေး ရလာတဲ့အခါမျိုးမှာ ဒီလို ရင်ခုန်လှုပ်ရှားမှုမျိုးတွေကလည်း လိုအပ်ပါတယ်။ သင်ဘယ်လောက် ဆွဲဆောင်မှုရှိကြောင်း သူမကို ပေးသိလိုက်ပါ။

Ref:mensxp

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.