“Selfie ရိုက်တာ မကောင်းဘူး” လို့ အိမ်ရှေ့မင်းသား Harry က ပြောဆို

landscape-1428371705-468706660.jpg

မျက်နှာအတည်ပေါက်နဲ့ Harry ဒီလို ရယ်ရွှင်စရာ ဟာတွေပြောတာ ဘယ်သူတွေ့ဖူးပါသလဲ။ ဒီရယ်စရာကောင်းတဲ့ Harry နဲ့ သူ့အားပေးသူကြား အပြန်အလှန် တုံ့ပြန်မှုက ကျွန်ုပ်တို့အဖို့ အံ့သြစရာအတိ ဖြစ်သွားခဲ့ပါတယ်။

တစ်ကမ္ဘာလုံးရဲ့ ရှင်ဘုရင် သူဘာကြောင့်ဖြစ်သင့်လဲဆိုတာ အိမ်ရှေ့မင်းသား Harry က ပြသခဲ့ပါတယ်။ Australia နိုင်ငံ Canberra သို့ အလည်အပတ် သွားရောက်စဉ် သူ့အားကြိုဆို အားပေးသူ တချို့ကို နှုတ်ဆက်ဖို့ Harry က ငြင်းဆိုခဲ့တယ်။ ခပ်ငယ်ငယ်ကောင်မလေးတစ်ဦး သူနဲ့ Selfie တစ်ပုံအတူ ရိုက်ချင်ကြောင်း လာပြောတဲ့အခါ ယဉ်ယဉ်ကျေးကျေးလေး ဟာသနှောပြီး ခုလို ငြင်းဆိုခဲ့ပါတယ်။

“အလေးအနက်ပြောတာပါ။ အဲဒါကြီး ချထားလိုက်ပါ။ ငါသိပါတယ် မင်းငယ်ပါသေးတယ်။ selfie ရိုက်တာ မကောင်းဘူး။ ရိုးရိုးဓါတ်ပုံလေး တစ်ပုံပဲ ရိုက်ပါ” လို့ Harry က  ပြောဆိုခဲ့ပါတယ်။ 

Ref: Cosmopolitan

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.