အလှအပနဲ့ အိပ်စက်ခြင်းဟာ ဒီလို ဆက်စပ်နေတာ

woman-sleeping-new-630x338.jpg

အသက်အရွယ်နဲ့ဆိုင်တဲ့ အလှတရားတစ်ခုဖြစ်တဲ့ ပါးရေတွန့်ခြင်းကို ဘယ်လို ထိန်းသိမ်းရမလဲဆိုတဲ့ နည်းလမ်းဟာ သင့်အိမ်ထဲမှာပဲ ရှိပါတယ်။ ဒါကို ဘယ်သူ့အကူအညီမှ မယူဘဲပြုလုပ်နိုင်ပါတယ်။ ဒါက လွတ်လပ်တယ်။ လွယ်ကူတယ်။ ဘယ်နည်းနဲ့မဆို မဖြစ်မနေ လုပ်နေမှာမျိုး ဖြစ်တယ်။ တခြားမဟုတ်ပါဘူး။ ဒါဟာ အိပ်စက်ခြင်းပါ။ တစ်ညတာ ကောင်းကောင်း အိပ်စက်လိုက်နိုင်ခြင်းရဲ့နောက်မှာ နုပျိုလန်းဆန်းမှု၊ ပိုမိုကြည့်ကောင်းမှုတို့ကို ရရှိနိုင်ပါတယ်။

အိပ်ပျက်ညတွေကတော့ သင့်အသားအရေကို မြန်မြန်အိုမင်းရင့်ရော်စေပါတယ်။ ဖောင်းဖောင်း အစ်အစ်မျက်လုံးနဲ့ ညိုနေတဲ့ မျက်ကွင်းတွေက သင့်ရဲ့ အိပ်ပျက်ညတွေကို ဖော်ပြနေပါတယ်။ အိပ်ရေးပျက်ခြင်းက ခန္ဓာကိုယ်ရဲ့ အချို့အချို့သော တစ်သျူးတွေ ပြတ်တောက်ပြီး အသားအရေကို မွဲခြောက်စေပါတယ်။

အလွန်တန်ဖိုးရှိတဲ့ ကောင်းမွန်တဲ့ အိပ်စက်ခြင်းကို ဘာနဲ့မှ အစားထိုးလို့မရနိုင်ပေမယ့် အသားအရေကိုပြန်ပြီး အားဖြည့်ပေးတဲ့ ဖြည့်စွက်စာအနေနဲ့ သုံးလို့ ရပါတယ်။ စနေနေ့လို ညမျိုးမှာ ကဲလိုက်မိတာကြောင့် သင့်ရဲ့ပုံမှန်အိပ်စက်ခြင်း ဖြစ်စဉ်က ပျက်စီးသွားနိုင်ပါတယ်။။ အယ်ကိုဟော အာနိသင်က သင့်ရဲ့ပုံမှန်အိပ်ချိန် (၈)နာရီရှိရင် (၄)နာရီ ကြာတဲ့အခါ သူ့အရှိန်ပြယ်သွားပါပြီ။ ဒါကို ညလယ်မှာ သင်နိုးပြီး အိပ်ရေးပျက်သလို ဖြစ်နေပါလိမ့်မယ်။ ဒီတော့ အရက်သောက်မယ်ဆိုရင် အိပ်ချိန်နဲ့ ဝေးဝေးသောက်ပါ။

ကာဗွန်ဟိုက်ဒရိတ်ဆိုတာ သကြားဓါတ်ပါ။ ဒီအချိုဓါတ်တွေဟာ သင့်ရဲ့ ခန္ဓာကိုယ်ကို လောင်ကျွမ်းလွယ်စေတဲ့ အခြေအနေရောက်အောင် တွန်းပို့ပါတယ်။ တကယ်လို့ မအိပ်ခင် အချိုဓါတ်အများကြီးစားလိုက်မယ်ဆိုရင် အိပ်နေစဉ် အချိန်မှာ သွေးတွင်းအချိုဓါတ်တွေ ကျဆင်းနေပါတယ်။ ဒါဟာ သင့်ကို နှိုးလိုက်သလိုဖြစ်နိုင်ပါတယ်။ ဒါကြောင့် မအိပ်ခင်မှာ ကာဗွန်ဟိုက်ဒရိတ်ဓါတ်များတဲ့ အစားအစာတွေကိုရှောင်ပါ။

ညဉ့်နက်ချိန်ထိ တီဗွီကြည့်ခြင်းကလဲ အိပ်စက်ရာမှာလိုအပ်တဲ့ မီလတိုနင်လို့ခေါ်တဲ့ ဟိုမုန်းဓါတ်ထုတ်လွှင့်မှုကို အနှောင့်အယှက်ပေးပါတယ်။ အိပ်ခန်းကို အေးမြစေရန်၊ မှောင်နေ စေရန်နဲ့ တိတ်ဆိတ်နေစေရန် ပြုလုပ်ထားပါ။

အသားအရေ ထိန်းသိမ်းဖို့နဲ့ အရွယ်တင်နုပျိုဖို့ လက်နက်ကောင်းတစ်ခုက ကောင်းစွာ အိပ်စက်အနားယူခြင်းပါ။ ဒါကြောင့် ကျန်းမာရေးနဲ့မညီညွတ်တဲ့ အပြုအမူတွေကို ရှောင်ရှားပြီး အိပ်စက်ခြင်းကို ဘယ်အကြောင်းကြောင့်မှ အနှောင့်အယှက် အဖြစ်မခံသင့်ပါဘူး။

Ref:totalbeauty

52 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.