အပေါစား ဆံပင်ဆက်လိုက်မိတဲ့အတွက် ခေါင်းမှာ အပေါက်ဖြစ်ကာ ရောဂါကူးစက်ခံခဲ့ရတဲ့ အမျိုးသမီး

1428162555-screen-shot-2015-04-04-at-84514-am.png

ဆံပင်ကောက်ဖို့အတွက် ပေါင် ၁၀၀ ပေးပြီး ဆံပင်ဆက်ခဲ့တဲ့ လန်ဒန် အခြေစိုက် စာရေးဆရာတစ်ဦး Tina Campbell ဆိုသူရဲ့ ခေါင်းဟာ ဆံပင်ဆက်ပြီးတဲ့နောက် ယားကျိကျိစဖြစ်လာပြီး ဦးရေပြားပေါ် အဖုလေးတွေထွက်မလာခင် အချိန်ထိ အားလုံးအဆင်ပြေသလို ရှိနေခဲ့ပါတယ်။ ဒါပေမယ့် ထိခိုက်မှုက ဖြစ်သွားခဲ့ပါပြီ။

သူမရဲ့ ၂၉ နှစ်မြောက် မွေးနေ့ မတိုင်ခင်ည အနာစိမ်းတွေပေါက်ထွက်လာခဲ့ပြီး အရည်ကြည်တွေ စတင်ယိုစိမ့်လာခဲ့တယ်။ သူမကိုဆေးရုံပို့ ကူးစက်ရောဂါ ခွဲစိတ် ဖယ်ရှားခဲ့ရပါတယ်။ ထုံဆေးသွင်းပြီး အချက် ၉ ချက် ချုပ်ခဲ့ရပေမယ့် နာကျင်မှု ရှိနေသေးတယ်လို့ သိရပါတယ်။ အဲ့ဒီနာကျင်မှုဟာ သူမအတွက် အရိုးပေါ်ကျတဲ့ ခွဲခန်းဓားရဲ့အသံ horror movie တစ်ခုမှ အသံတစ်ခုနဲ့ တူနေသေးတယ်လို့ သူမက ပြောဆိုခဲ့တယ်။ ရောဂါကူးစက်မှုဟာ ဆံပင်အတု ဆက်တဲ့အခါ အသုံးပြုတဲ့ မသန့်ရှင်းတဲ့ အပ်တွေကြောင့်ဖြစ်နိုင်ပါတယ်တဲ့။ တခြားဆိုင်တစ်ဆိုင်ဆိုင် သွားခဲ့ရင်တော့ သူမ အဆင်ပြေနိုင်ပါလိမ့်မယ်လို့ ဆရာဝန်က ပြောဆိုခဲ့ပါတယ်။ 

Ref: Cosmopolitan

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.