ပိန်လွန်းတာဟာ ရာဇ၀တ်မှုအဖြစ် သတ်မှတ်ဖို့အထိတာင် ဖြစ်လာပြီလား

ay_118585308.jpg

ကမာ့္ဘဖက်ရှင်မြို့တော်ဖြစ်တဲ့ ပြင်သစ်က မော်ဒယ်လ်တွေထဲက ခန္ဓာကိုယ် ပိန်လှီသေးသွယ်လွန်းတဲ့သူကို တားမြစ်သွားမယ်ဆိုတဲ့ သတင်းအားလုံး သိပြီးဖြစ်မှာပါ။ ခုချိန်မှာတော့ ပြင်သစ်နိုင်ငံ ဥပဒေအရာရှိတွေက ဒီလိုဆောင်ရွက်လိုက်ခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ ခန္ဓာကိုယ်အနေအထားနဲ့ ဓာတ်ပုံတွေ ဖန်တီးလာနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။

ပြဌာန်းတည်ပြုထားတဲ့ ဥပဒေအရ စံသတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ မော်ဒယ်လ်တွေ သုံးထားတာတွေ့ရှိမယ်ဆိုရင် ယူရို ၅၅,၀၀၀ နီးပါး ဒဏ်ရိုက်ခံရနိုင်ဖွယ်ရှိပါတယ်။ ဒါ့အပြင် ကြော်ငြာ ဓာတ်ပုံတွေကိုလည်း photoshop နဲ့ ပြင်ဆင်ချက် လုပ်ထားပါက “ပြန်လည်ပြုပြင်ထားသော ဓါတ်ပုံ” လို့ စာတန်းတပ်ပေးထားဖို့ လိုတယ်လို့ ဆိုပါတယ်။

ဒီလိုပြစ်ဒဏ်ပေးမှုတစ်ခုဆောင်ရွက် လိုက်တာဟာ ကဏ္ဍတစ်ခုလုံး အကျိုးသက်ရောက်မှု ရစေမှာပါလိမ့်မယ်လို့ ဒီပြုပြင်ပြောင်းလဲမှုအတွက် အဆိုတင်သွင်းသူ Oliver Veran က ပြောဆိုခဲ့တယ်။ ဒါပေမယ့် ပြင်သစ်နိုင်ငံရဲ့ National Union of Modelling Agencies ဥက္ကဌ Isabelle Saint-Felix က မော်ဒယ်လ်တွေ ကျန်းမာရေးကောင်းနေဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် ပိန်လှီလွန်းတဲ့ မော်ဒယ်တွေသာ မရှိဘူးဆိုရင် ကိုယ်အလေးချိန် ကျဆင်းတဲ့ ရောဂါဝေဒနာရှင်တွေ ထပ်မံရှိတော့မှာ မဟုတ်ဘူးဆိုတာ အနည်းငယ် ရိုးရှင်းလွန်းတယ်လို့ ဆိုပါတယ်။ France’s National Asembly အနေနဲ့ အပိန်လွန်တာ ရာဇဝတ်မှုတစ်ခုအဖြစ် သတ်မှတ်ဖို့ ဆန္ဒမဲပြုခဲ့ပါတယ်။

Ref: Metro

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.