ချစ်သူနဲ့ အီတလီကို အပျော်ခရီးထွက်နေတဲ့ One Direction အဖွဲ့ဝင်ဟောင်း Zayn Malik

capture_zayn.png

မကြာသေးခင်ကမှ One Directon အဖွဲ့ကနေ နှုတ်ထွက်လိုက်တဲ့ Zayn Malik တစ်ယောက် ပရိသတ်တွေ စိတ်ဝင်စားနေတဲ့အချိန်မှာပဲ သူ့ရဲ့ဇနီးလောင်း Perrie Edwards နဲ့အတူ အီတလီ ကို အပျော်ခရီး ထွက်နေတာ တွေ့ခဲ့ရတဲ့အတွက် အိမ်ထောင်ပြုတော့မှာလားလို့ ပရိသတ်တွေက မေးခွန်းထုတ်ခဲ့ကြပါတယ်။

အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ ပေါ့ပ် အဆိုတော် Zayn Malik ဟာ Edwards နဲ့အတူ အီတလီကို One Direction အဖွဲ့နဲ့လမ်းခွဲပြီး တစ်ပတ်အကြာမှာပဲ အပျော်ခရီး ထွက်လာခဲ့တာဖြစ်ပါတယ်။

သူတို့ ၂ ယောက်ဟာ ထိုချစ်ဖို့ကောင်းတဲ့ အခိုက်အတန့်တွေကို Instagram မှာလည်း ပြန်လည် ဝေမျှခဲ့တာကို တွေ့ရပါတယ်။

အိမ်ထောင်ပြုတော့မှာလား ဆိုတဲ့ မေးခွန်းအတွက်ကတော့ Zayn Malik ဟာ One Direction အဖွဲ့က မထွက်ခင်ကတည်းက အိမ်ထောင်ပြုတော့မယ့် အစီအစဉ်က ရှိနေပြီးသားဖြစ်ပါတယ်။

HollywoodLife.com ဆိုတဲ့ သတင်းဌာနက ဖော်ပြခဲ့တာကတော့ Zayn ဟာ တစ်ယောက်တည်း အထီးကျန်ရမှာကို ကြောက်နေတဲ့အတွက် အမြန်ဆုံး အိမ်ထောင်ပြုလိမ့်မယ်လို့ ဖော်ပြခဲ့ပါတယ်။

Ref:starpulse

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.