ကိုယ့်ရဲ့ဖက်ရှင်ကို အထောက်အကူပြုတဲ့အရာတွေထဲမှာ အဆင်တန်ဆာတွေ ပါဝင်သလို ဦးထုပ်လို၊ အိတ်လို တို့ကလည်း ကိုယ့်ဖက်ရှင် ပိုအထာကျအောင် ထောက်ပံ့ပေးနိုင်တဲ့ အရာတွေပါပဲ။ ဒါ့ကြောင့် ခုနောက်ပိုင်း ခေတ်စားနေတဲ့ အိတ်ဒီဇိုင်းတွေထဲက bucket bag လို့ခေါ်တဲ့ အိတ်အလုံးဒီဇိုင်းလေးတွေကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
၁။အိတ်ဒီဇိုင်းနဲ့ အရောင် ပေါင်းစပ်ကြည့်လိုက်ရင် တော်တော်လေး အထာကျတာ တွေ့ရမှာပါ။ ကိုယ်ဝတ်မယ့် အကျီင်္ံဒီဇိုင်းလည်း သိပ်မရွေးတာမို့ ငါဝတ်ထားတာ အိတ်နဲ့လိုက်ဖက်ပါ့မလား သိပ်ခေါင်းစားစရာ မလိုတော့ဘူးပေါ့။
၂။အိတ်ဒီဇိုင်းကြောင့် ကြိုးအတိုထက် ကြိုးအရှည်လွယ်တာက ပိုမိုက်ပါလိမ့်မယ်။ အနက်ရောင်ဆိုတော့ အပေအတေခံတယ်လေ။
၃။အ၀တ်အစားတိုင်းနဲ့ လိုက်ဖက်ဖို့ မလွယ်ပေမယ့် ဒီဇိုင်းဆန်းဆန်းတဲ့ ချစ်စရာကောင်းတဲ့ ဒီလိုအိတ်မျိုးလေးတွေ ကိုယ့်ဆီမှာ အနည်းဆုံး တစ်လုံးလောက်တော့ ရှိနေသင့်တယ်နော်။
၎။လည်သာကာလာ အတောက်ဖြစ်တာကြောင့် သူလည်း ၀တ်ဆင်မယ့် ကာလာ အဲ့ဒီလောက်ကြီး မရွေးပါဘူး။
၅။ကိုယ်က ရိုးရှင်းတဲ့ဒီဇိုင်းမျိုးတွေကြိုက်သလို အိတ်ထဲကိုပစ္စည်းများများထည့်ပြီး သယ်တတ်သူဆိုရင်တော့ ဒီအိတ်မျိုးကို ရှာဝယ်ဖို့ ညွှန်းရမှာပါပဲ။
၆။ကျောပိုးလွယ်အိတ်ကြိုက်သူတွေ နှစ်သက်မယ့်ဒီဇိုင်းပါ။ မိန်းကလေးဆန်ဆန်ဝတ်ဆင်တဲ့အခါမျိုးဖြစ်ဖြစ်၊ တီရှပ်နဲ့ ဂျင်းဘောင်းဘီ တွဲဝတ်တဲ့အခါမျိုးတွေမှာလည်း လွယ်နိုင်တဲ့ အိတ်လေးပါ။
၇။လက်ကိုင်အိတ်အနေနဲ့ရော၊ ဘေးလွယ်အိတ်အဖြစ်ပါ အသုံးပြုချင်သူတွေအတွက် ချစ်စရာလည်းကောင်း၊ ဆန်းလည်းဆန်းတဲ့ ဒီလိုမျိုးအိတ်ကို ရှာဖွေကြည့်လိုက်ပါနော်။
Ref:luckymag.com