သင်္ကြန်မှာ ပရိသတ်တွေကို ဖျော်ဖြေလာတာ ၁၅နှစ်မြောက်ရှိပြီလို့ ပြောလာတဲ့ ကောင်းမြတ်က ဒီနှစ် မန္တလေး Alpine မှာ ရှိမယ်လို့ဆို

553261_100192083511147_898649457_n.jpg

သင်္ကြန်ကို ၁၅ နှစ်မြောက် ဖျော်ဖြေမယ့် ကောင်းမြတ်က မန္တလေး Alpine မှာ ရှိမယ်လို့သိရတာကြောင့် သင်္ကြန်ခံစားမှုများကို မေးမြန်းကြည့်မိတဲ့အခါ "သင်္ကြန်က ကျွန်တော် မန္တလေး Alpine မှာ ရှိပါမယ်။ သင်္ကြန်နဲ့ပတ်သက်တဲ့ စိတ်ခံစားချက်ကတော့ အဓိကက ကျွန်တ်ာသင်္ကြန်မှာ ဖျော်ဖြေခဲ့တာ အခုဆို ၁၄ နှစ်ဆိုတော့ ၁၄ ခေါက်ရှိပါပြီ။ အခုကတော့ ၁၅ နှစ်မြောက်ပေါ့။ ဒီနှစ်လဲ ကျွန်တော်တို့က ပရိသတ်တွေ ပျော်ရွှင်အောင် ဖျော်ဖြေမှာပေါ့။ အကောင်းဆုံးနဲ့အဆင်ပြေဆုံး ဖြစ်အောင် ဖျော်ဖြေပေးမယ်။ တစ်နှစ်နဲ့တစ်နှစ်က အသက်ကြီးလာလို့လားမသိဘူး။ သင်္ကြန်ရောက်တာက မြန်လာတယ်လို့လဲ စိတ်ထဲမှာ ခံစားရတယ်။

သင်္ကြန်နဲ့ပတ်သက်ပြီး နှစ်သစ်မှာ ပရိသတ်အားလုံး စိတ်ဧ။် ချမ်းသာခြင်း၊ ကိုယ်ဧ။် ကျန်းမာခြင်းနဲ့ပြည့်စုံပြီး ဘေးမသီရန်မခပဲ ပျော်ရွှင်နိုင်ကြပါစေ"လို့သူက ဆုတောင်းပေးသွားပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.