ဒီနှစ် သူငယ်ချင်းတွေနဲ့ အတူတူကဲရမှာမို့ ပျော်တယ်လို့ ဖွင်ဟလိုက်တဲ့ ဖြိုးလေး (Snare) က သင်္ကြန်ကို Alpine မဏ္ဍပ်မှာ ရှိမယ်လို့ဆို

capture_snare.png

လက်ရှိ ဟစ်ပ်ဟော့လောကထဲမှာ အောင်မြင်မှုတွေကို ထွေးပိုက်ထားတဲ့ Snare က ဖြိုးလေးနဲ့ တွေ့ဆုံခိုက် သင်္ကြန်နဲ့ပတ်သက်တဲ့ ခံစားချက် အချို့ကို မေးမြန်းကြည့်လိုက်တဲ့အခါ သူက "သင်္ကြန်ကတော့ ပျော်တယ်။ ဒီနှစ်ဆိုရင် ရန်ကုန်မှာ နေရမှာကြောင့်ရော၊ သူငယ်ချင်းတွေနဲ့တူတူ ကဲရမှာကြောင့်ရော ပိုပျော်တယ်။ ကိုယ်ဆိုချင်တဲ့ သီချင်းတွေလဲ ဆိုရမယ်ဆိုတော့ အရမ်းပျော်ပါတယ်။ ဒီနှစ်က ကျွန်တော်တို့ ရန်ကုန် Alpine မှာ ရှိမှာပါ"တဲ့။

ဒါ့အပြင် သင်္ကြန်နဲ့ပတ်သက်တဲ့ အမှတ်တရကိုလည်း သူက  "ငယ်ငယ်လေး ကတည်းက ဆိုလာတာ တလွဲတွေလဲ အများကြီးပဲ။ အမှတ်တရထဲမှာတော့ ငယ်ငယ်ထဲက သီချင်း ၃ပုဒ်လောက်ပဲ ရှိတော့ စင်ပေါ်တက်ဆိုရင် ဘာတွေဆိုမှန်း မသိဘူး။ လူငယ်တွေလဲ ဖြစ်တဲ့ အခါကျတော့ ပြဲကွဲပြီး တက်ဆိုတာ တကယ့်ကို အမှတ်တရပါ။ မေ့လို့လဲ မရပါဘူး။ သင်္ကြန်တိုင်းတော့ ကျွန်တော်တို့ဖျော်ဖြေတယ်။ ဒါပေမဲ့ အောင်မြင်ပြီး နောက်ပိုင်း စတွက်မယ်ဆိုရင်တော့ ၄ နှစ် ၅ နှစ်လောက်တော့ ရှိပြီ"တဲ့။

သင်္ကြန်နဲ့ပတ်သက်ပြီး နှစ်သစ်ကူးဆုတောင်းစကားအနေနဲ့ သူပြောပေးသွားတာက "Snare ရဲ့ ပရိသတ်တွေရော၊ တစ်နိုင်ငံလုံးမှာရှိတဲ့ မိဘပြည်သူအားလုံး  သင်္ကြန်ဆိုတော့ လူငယ်တွေမှာ အသောက်အစားလေးလဲ ရှိတယ်။ ရန်တွေလဲဖြစ်တတ်တော့ ဘေးမသီ ရန်မခပဲနဲ့ အန္တရယ်ကင်းရှင်းစွာ၊ ပျော်ရွှင်စွာ၊ ဘေးကင်းစွာဖြတ်သန်းနိုင်ကြပါစေလို့"ဆုတောင်ပေးသွားပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.