သင်္ကြန်ကို MRTV 4 မဏ္ဍပ်မှာ ပရိသတ်တွေကို သီချင်းနဲ့ဖျော်ဖြေရင်း ဖြတ်သန်းဖြစ်မယ်လို့ ဆိုလိုက်တဲ့ Lil’z

capture.png

လူငယ်ပရိသတ်တွေကြားမှာ နာမည်ရလာပြီဖြစ်တဲ့ Lil'z ကို ဒီနှစ်သင်္ကြန်ဘယ်မှာများ ရှိမလဲလို့ မေးမြန်းကြည့်လိုက်တဲ့အခါ " ဒီနှစ်သင်္ကြန် ကျွန်တော် MRTV 4 မဏ္ဍပ်မှာ ရှိပါမယ်။ သီချင်းတွေ သီဆိုဖျော်ဖြေရင်း ၄ ရက်လုံး အဲ့မှာပဲရှိမှာပါ။ သင်္ကြန် ခံစားမှုကတော့ ဘယ်လိုပြောရမလဲ ပျော်ရတော့မယ်ဆိုတော့ ရင်တော့ နည်းနည်းခုန်တယ်ဗျ။ အခုကတည်းက မြေသင်းနံ့ တွေရနေပြီဆိုတော့ တစ်မျိုးတော့တစ်မျိုးပဲ။ အရင်နှစ်ကတော့ ကျွန်တော် TiTan မှာ၂ ရက်ထိုင်ဖြစ်တယ်။ ကျွန်တော်က ရေတွေ စိုစိစိုစိဖြစ်တာသိပ်မကြိုက်တော့ သင်္ကြန်ဆို နေ့တိုင်း မထွက်ဖြစ်တာပါ။ သင်္ကြန်ကိုတော့ ကြိုက်ပါတယ်။  ကားရယ် ၊ မဏ္ဍပ်ရယ် ခွဲတာမျိုးလဲ မရှိဘူး။ ကျွန်တော့်အတွက်ကတော့ နှစ်ခုစလုံးအဆင်ပြေတယ်။" လို့ သူက ပြောပြပေးသွားပါတယ်။

သင်္ကြန်နဲ့ပတ်သက်တဲ့အမှတ်တရကိုလည်း သူက  "၀က်ခေါင်းသုတ်ဗျ။ မနှစ်ကကျွန်တော် ဗိုက်ဆာနေတုန်း ၀က်ခေါင်းသုတ်နဲ့ ထမင်းနဲ့စားတာ တခါမှ အဲ့ဒီလို မစားဖူးဘူး။ ရေစိုစိုနဲ့ စားလို့ကောင်းတယ်ဗျ။ သူများတွေကြားရင် နည်းနည်းတော့ အူကြောင်ကြောင်နိုင်မယ် ထင်တယ်။ ဒါပေမဲ့ ကောင်းသားလို့။ သင်္ကြန်မှာ အရင်နှစ်ကတော့ တစ်ယောက်တည်း မဟုတ်ဘူး။ ဒီနှစ်ကတော့ ပရိသတ်တွေနဲ့ဖြတ်သန်းဖြစ်မယ်။ သင်္ကြန်ကို တစ်ယောက်တည်း ဖြတ်သန်းရတာနဲ့ ချစ်သူနဲ့ဖြတ်သန်းရတာ ဘာကွာလဲဆိုတော့ ရေကို ထီးထီးချင်း အပက်ခံတာနဲ့ သူများကို ကာပေးရင်းအပက်ခံရတာ။ အပက်ခံပုံချင်း အပက်ခံနည်းကွာမယ် ထင်ပါတယ်"တဲ့။

အခုလောလောဆယ် သင်္ကြန်မှာ ဖျော်ဖြေဖို့အတွက် သီချင်းတစ်ပုဒ်ကြိုးစားလုပ်နေတဲ့ Lil'z က "4 Album ကတော့ အမြန်ဆုံး ထွက်နိုင်အောင် အစွမ်းကုန် ကြိုးစားနေပါတယ်။ ခုလောလောဆယ်က သင်္ကြန်မှာ ဆိုဖို့ရယ်၊ သီချင်းအသစ်ရယ်နဲ့တင် တော်တော်လေး ခေါင်းပူနေပြီ။ သင်္ကြန်အပြီးကိုတော့ မစဉ်းစားရသေးပါဘူး။"လို့ ပြောပြသွားပါတယ်။

လက်ရှိ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း " ပရိသတ်တွေ ကျွန်တော့်အချစ်ရေးကို စိတ်ဝင်စားနေသလို ကျွန်တော် ကိုယ်တိုင်လဲ အဲ့ကိစ္စကို စိတ်ဝင်စားနေပါတယ်။ ဘယ်လိုများ ရှိမလဲဆိုပြီးတော့ ။ သင်္ကြန်မှာ ဆုတောင်းစကားအနေနဲ့ ကျွန်တော်ချစ်ရပါသော ၊ ကျွန်တော့်ကိုချစ်သော ပရိသတ်ကြီး နောင်လာမဲ့ နှစ်သစ်ကနေပြီး နောင်နှစ်ပေါင်းများစွာ အထိ စိတ်ချမ်းသာကိုယ်ချမ်းသာနဲ့ ဘ၀ကို ရိုးရှင်း အေးချမ်းစွာ ဖြတ်သန်းနိုင်ကြပါစေလို့။ သင်္ကြန်တွင်းလဲ သတိလေးထားပြီး ပျော်ကြပါလို့" သူက ဆုတောင်းပေးသွားပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.