အရင်နှစ်ကနဲ့မတူအောင် Birthday Show ကို နာမည်ပြောင်းပြီး April 10th show ဆိုပြီး ကျင်းပမယ့် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဖျော်ဖြေပွဲ

11007728_10152663506741954_2679015714464342318_n.jpg

လူငယ်ပရိသတ် တခဲနက် အားပေးကြတဲ့ ဒိတ်ဒိတ်ကြဲ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ၁၁ နှစ်မြောက် ကျင်းပမယ့် မျှော်စင်ကျွန်းက April 10 th show စာနယ်ဇင်းမိတ်ဆက် အခမ်းအနားကို ( ၂.၄.၁၅ ) ရက်နေ့ နေ့လည် ၂ နာရီ Karaweik Palace Hotel မှာ ဂီတအနုပညာရှင်များ စုံလင်စွာနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ ပါတယ်။

ထိုပွဲနဲ့ပတ်သက်ပြီး စိုင်းစိုင်းက "ဒီပွဲကို ကျွန်တော်အစက လုပ်မယ်။ မလုပ်ဘူးဆိုပြီး စဉ်းစားသေးတယ်ပေါ့။ ဒါပေမဲ့အနားကပ်လာတဲ့ အခါကျတော့ ဆိုချင်တယ်။ လုပ်ချင်လာတယ်။ အဲ့ဒီမှာ Red Square ကလဲ sponsor ပေးလာတဲ့ အခါကျတော့ ဒီပွဲလေးကို လုပ်ဖြစ်သွားတယ်ပေါ့။ ဒါပေမဲ့ သေချာသွားတဲ့အချိန်က အရမ်းကပ်တဲ့အခါကျတော့ ကျွန်တော်တို့ လက်မှတ်ဝယ်ယူမဲ့ ပရိသတ်တွေအတွက် အရင်နှစ်ကလို လက်ဆောင်တွေတော့ မစီစဉ်နိုင်တော့ဘူး။ ပြီးတော့ ၁၀ နှစ်ကျော်ပြီး ၁၁ နှစ်မြောက်ဖြစ်တဲ့အတွက် အရင်နှစ်ကနဲ့မတူအောင် Birthday Show ကို နာမည်ပြောင်းပြီး April 10th show ဆိုပြီးပြောင်းလိုက်တယ်။နောက်ပြီး ကျွန်တော်တစ်ယောက်တည်း မဆိုတော့ပဲ ကျွန်တော့် သူငယ်ချင်းတွေဖြစ်တဲ့ နေ၀င်း၊ ဖြိုးလေး၊ ကိကိ၊ ဘန်နီ၊ မိစန္ဒီ၊ နန္ဒစိုင်း၊ စိုးကြီး၊ ကောင်းမြတ်တို့က ပါဝင် ကူညီသီဆိုပေးပါမယ်။ သီဆိုပေးမယ်ဆိုတာက featuring အနေနဲ့ချည်း မဟုတ်ပဲ သူတို့သီချင်းတွေနဲ့လည်း သူတို့သီးသန့် သီဆိုဖျော်ဖြေပေးသွားကြမှာပါ။" လို့သူက ပြောပါတယ်။

ဒါ့အပြင် စင်အပြင်အဆင်ပိုင်းနဲ့ပတ်သက်ပြီးတော့လဲ သူက "အရင်လုပ်ခဲ့တဲ့ ၁၀ နှစ်နဲ့မတူတဲ့ အပြင်အဆင်တွေကို ဖန်တီးထားတယ်။ နောက်တစ်ခုက ဒီနှစ်ကျွန်တော့ရဲ့သီချင်းတွေကို တီးခတ်ဖို့ကို မန္တလေးက Dream Lover တီးဝိုင်းနဲ့တွဲဖက်ပြီး ဖျော်ဖြေမှာဖြစ်ပါတယ်။ လက်မှတ်တွေကတော့ 1876 မှာ စုံစမ်းလို့လဲရပါတယ်။ ပြီးတော့ shopping centre တွေမှာလဲ ၀ယ်လို့ရပါတယ်။ လက်မှတ်တွေကို ဖြန့်ဝေထားပါတယ်။ OMG နဲ့ Genius မှာလဲ ၀ယ်လို့ရပါတယ် ။ လက်မှတ် ၁ စောင်ကို ၉၀၀၀ သတ်မှတ်ထားပါတယ်။ လက်မှတ်ဈေးနှုန်း ၁၀၀၀ တက်ရတာက ကျွန်တော်တို့ ပြင်ဆင်ရမှုအပိုင်းနဲ့ပတ်သက်ပြီး အရင်နှစ်ကထက် စက်ငှားရတာ တွေဘာတွေက ၃ ဆဖြစ်နေပြီ။ အဲ့ဒါကြောင့် လက်မှတ်ဈေးကို ၁၀၀၀ တက်လိုက်တာပါ။ ကျွန်တော့်ပွဲတစ်ခုမှာ ကုန်ကျစရိတ် တော်တော်များများရှိပါတယ်။ တခါတလေလဲ နည်းနည်းပါးပါး မြတ်ရင်မြတ်မယ်။ တခါတလေလဲ နည်းနည်းပါးပါး ရှုံးရင်ရှုံးမယ်။ ကျွန်တော်တို့ဒီဟာကို အများကြီး အရှုံးခံပြီးတော့ လုပ်လိုက်မယ်ဆိုရင် ကျွန်တော်လဲ တတ်နိုင်မှာ မဟုတ်ဘူး။ ဒီနှစ် ကျွန်တော်လုပ်တာ သိန်း ၇၀၀ ရှုံးတယ်။ နောင်နှစ်လုပ်ရင်လဲ ရှုံးတယ်ဆို ကျွန်တော်ဘယ်လုပ်နိုင်ပါတော့မလဲ။ အဲ့ဒါဆို ပရိသတ်တွေလဲ မကြည့်ရတော့ဘူး။ ကျွန်တော်နားလည်တာကတော့ ကျွန်တော်အကောင်းဆုံး ဖျော်ဖြေမယ်။ အကောင်းဆုံးစီစဉ်မယ်။ ပရိသတ်လဲ ၉၀၀၀ ပေးရတာနဲ့တန်အောင် အကောင်းဆုံးဖြစ်စေရပါမယ်"တဲ့။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.