ချစ်သူသက်တမ်း (၂)နှစ် ရှိသွားပြီဖြစ်တဲ့ Lorde တို့စုံတွဲ

capture_lorde.png

Taylor Swift တို့ Karlie Kloss တို့နဲ့အမြဲတတွဲတွဲ တွေ့ရတတ်တဲ့ Lorde ဆိုတဲ့ အဆိုတော်ကောင်မလေးမှာ ရည်းစားတောင် ရှိပါ့မလားလို့ ထင်ကောင်း ထင်နိုင်ပါတယ်။ ဒါပေမယ့် သူမဆီမှာ အရမ်းကို ချစ်ရတဲ့ ချစ်သူ James Lowe ဆိုတဲ့ ကောင်လေးရှိနေခဲ့တာ ခုဆို (၂)နှစ်တောင် ပြည့်ပြီပေါ့။ သူတို့နှစ်ဦးဟာ သူတို့ရဲ့ ချစ်သူသက်တမ်း (၂)နှစ်ပြည့်အတွက် Instagram မှာ ပုံလေးတစ်ပုံ တင်ခဲ့ကြပါတယ်။

ပုံလေးမှာပါတဲ့ ပုံစာလေးကြောင့် အားလုံးဟာ သူမ တကယ်ကို ချစ်တတ်ပါလားလို့ သတိပြုမိသွားကြပါတယ်။ ပုံစာလေးက (၂)နှစ်တောင် ရှိခဲ့ပြီ။ ခုချိန်ထိ သဲမုန်တုန်းတွေ၊ ကြယ်တွေက ငါ့မျက်လုံးတွေကို စွန့်ခွာ မသွားသေးဘူး။ ခုချိန်ထိ မျက်လုံးထဲမှာ အားလုံးဟာ ပြိုးပြိုးပျက်ပျက်ရှိနေသေးတယ်လို့ ရေးထားပါတယ်။

James ကလည်း ပုံလေးတစ်ပုံ တင်ထားပါတယ်။ ဒါကတော့ သူတို့နှစ်ယောက်ရဲ့ အရိပ်ပုံလေးပါပဲ။ James ရဲ့ Instagram က ပုံတွေထဲမှာ နှစ်ဦးသား ရိုက်ထားတဲ့ပုံတွေကို ကြည့်ခြင်းအားဖြင့် သူတို့ နှစ်ဦးဟာ ပျော်ပျော်ရွှင်ရွှင် နေတတ်သူတွေဆိုတာ သိသာစေတဲ့အပြင် တော်တော်လေး ချစ်ကြတဲ့ပုံပါပဲ။

Ref:cosmopolitan.com

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.