YRN အ၀တ်အစား ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုကို စတင်လိုက်တဲ့ Migos

capture_migos.png

ရပ်ဂီတလောကထဲကို “Fight Night” ၊ “Versace” အစရှိတဲ့ သီချင်းတွေနဲ့ ၀င်ရောက်ကာ အောင်မြင်တဲ့ ရပ်ပါတွေဘ၀မှာ ရပ်တည်ပြီးတဲ့နောက် အတ္တလန်တန်သား လူငယ် ၃ ယောက်ရဲ့ Migos အဖွဲ့ဟာ YRN လို့ခေါ်တဲ့ အ၀တ်အစား ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုကို စတင်လိုက်ပါပြီ။

ဒီနေ့ပဲ Migos အဖွဲ့သားတွေက သူတို့ YRN အမှတ်တံဆိပ်ရဲ့ နမူနာ ဒီဇိုင်းတွေအကြောင်းကို Twitter မှာ ကြေညာခဲ့ပြီး လက်ရှိမှာ နမူနာအနေနဲ့ ၀ယ်ယူမယ်ဆိုရင် YungRichNation ဆိုတဲ့ ၀က်ဘ်ဆိုက်မှာ ရရှိနိုင်ပြီး ဇွန်လ ၁၆ ရက်နေ့က စတင်ပြီးတော့ စတိုင်းဆိုင်တွေ အားလုံးကို ဖြန့်ချိသွားမယ်လို့ Migos တွေက ဆိုပါတယ်။

Migos အဖွဲ့ကို Quavo ၊ Takeoff ၊ Offset စတဲ့ အဖွဲ့ဝင် ၃ ယောက်နဲ့ဖွဲ့စည်းထားပြီး Quavo ဟာ Takeoff ရဲ့ ဦးလေး ဖြစ်ပါတယ်။ Offset ကတော့ Quavo နဲ့ ညီအစ်ကိုဝမ်းကွဲ တော်စပ်ပါတယ်။ Migos ဟာ Rich Nigga Timeline ဆိုတဲ့ album ကို နောက်ဆုံး ထုတ်လုပ်ထားပြီး ၂၀၁၄ ခုနှစ်က ထုတ်လုပ်ခဲ့တဲ့ No Label 2 Mixtape ကြောင့်လည်း BET Hip Hop Award for Best Mixtape ဆုကို ရရှိခဲ့ပါတယ်။

Ref:xxlmag

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.