တရုတ်ပြည်ကနေ ဂျာမနီနိုင်ငံအထိ (၁) နှစ်ကြာ ခြေလျင်ခရီး ဆက်ပြီး selfie အဆက်မပြတ် ရိုက်ကူး မှတ်တမ်းတင်ခဲ့သူ

maxresdefault.jpg

Christoph Rehage ဆိုသူမှာ အများနဲ့မတူ တမူ ထူးခြားသူ ဖြစ်ပါတယ်။ သူ့ကိုယ်သူ ထူးကဲတဲ့ ပန်းတိုင်တစ်ခု သတ်မှတ်ပေးခဲ့ပါတယ်။ အဲဒါဟာ တရုတ်နိုင်ငံ ဘေဂျင်းမြို့ကနေ ဂျာမနီနိုင်ငံထိ ခြေလျင်ခရီးလှည့်ဖို့ဖြစ်တယ်။

ဒါဟာ တိုက်ကြီးနှစ်တိုက် ကန့်လန့်ဖြတ်သွားရတဲ့ ထူးထူးခြားခြား နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ သူ့စူးစမ်းလေ့လာရေး ခရီးကို ၂၀၀ရ နိုဝင်ဘာ မှာ စတင်ပြီး ၂၀၀၈ နိုဝင်ဘာမှာ ပြီးဆုံးခဲ့ပါတယ်။ ခရီးစဉ်အတွင်း မှတ်တမ်းတင်ဖို့ Selfie တွေ ရိုက်ကူးခဲ့ပြီး ယင်းဓါတ်ပုံတွေ စုပေါင်းကာ မုတ်ဆိတ်၊ ဆံပင်မွှေး ပြောင်ရိတ် ထားရာမနေ မုတ်ဆိတ်ထူထူ မျက်နှာအကြမ်းပတမ်း အသွင်အပြင်ဖြစ်တဲ့အထိ တဆင့်ချင်း အချိန်ကာလ ပြောင်းလဲအသွင် ကူးပြောင်းမှု မှတ်တမ်း ဗီဒီယိုဖိုင် တစ်ခု ဖန်တီးခဲ့ပါတယ်။ အကြမ်းဖျင်း ခန့်မှန်းချက်အရ သူသွားခဲ့တဲ့ ခရီးအရှည်မှာ ၃၄၀၀ ကီလိုမီတာ ရှိတယ်လို့ ဆိုပါတယ်။

Ref: ER

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.