အတင်းလုပ်ယူထားတဲ့နေ့

canvas-strangefacesacrylic.jpg

ပြက္ခဒိန်မှာ ဒီနေ့ဟာ တကယ်မရှိ

နေ့စဉ် ဘဝတွေမှာ ဒီနေ့ဟာ လုံးဝမရှိ

ဒီနေ့မှာ ဂစ်တာကြိုးတွေနဲ့ တံတားကြီး ထိုးထားတယ်

ဒီနေ့ကို အတူလက်တွဲပြီး ဖြတ်လျှောက်ကြတယ်

မိုင်နာအချစ်ရဲ့ မေဂျာအနမ်းကို ဒီနေ့မှ စခံစားဖူးခဲ့တယ်

ဒီနေ့ဟာ မရှိပါဘူး ဟုတ်တယ် ဒီနေ့မှာ သမီးလေးမွေးတယ်

ဆံပင်ခါးလောက်နဲ့ သနပ်ခါးပါးကွက်လေးနဲ့

ချက်ကြိုးလေးကို ငါတို့ လက်စွပ် လုပ်ဝတ်ထားတယ်
 

ဒီနေ့မှာ နေတွေ လတွေ အာကာသတွေဟာ
 

တကယ်မရှိပါဘူး
 

ပုံပြင်တွေပြည့်နေတဲ့ တွင်းနက်ကြီးထဲက
 

နှိုက်ယူလိုက်သမျှထဲ ဒီနေ့ပါမလာသေး
 

ဒီနေ့ဟာ တကယ်မရှိပေမယ့် ငါတို့နဲ့ ဘေးချင်း
 

ယှဉ်ထိုင်နေတယ်
 

ငါတို့ကို ငေးပြီး သူတစ်ခုခုတွေးနေတယ်
 

ဒီနေ့မှာ အဖေနဲ့အမေ လက်ထပ်တယ်
 

အနှစ်အစိတ်ကျော် အိမ်ထောင်ရေးကို
 

ပြန်သုံးသပ်ချင်တဲ့စိတ်နဲ့
 

ဒီနေ့ဟာ တကယ်မရှိတဲ့ ကိတ်မုန့်ကို ရှင်ခွဲခွဲခဲ့တယ်
 

ဒီနေ့မှာ ရုံးတွေတကယ်ပိတ်တယ်
 

ပျော်ပွဲရွှင်ပွဲတွေအကြောင်း တကယ်ပြောကြတယ်
 

တကယ်မရှိတဲ့ ဒီနေ့မှာ အမှားနဲ့အမှန်ဆိုတာ
 

လုံးဝမရှိဘူး ထင်ယောင်ထင်မှားအခြေအနေတွေ
 

လုံးဝမရှိဘူး
 

ဒီနေ့မှာ ဒီနေ့ကို တကယ်ရှိလာဖို့ ငါတို့မကြိုးစားကြတဲ့အခါ
 

ဒီနေ့ဟာ ငါတို့ကို သူ့စိတ်ကြိုက်ပုံစံလုပ်ယူသွားတယ
 

ငါတို့ဟာ တကယ်မရှိတဲ့နေ့ထဲမှာ
 

နွေးထွေးချမ်းမြ အတူတူအမြဲရှိနေကြ
 

ဒီနေ့ နဲ့ ငါတို့ဘယ်တော့မှမခွဲ
 

3 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.