အမျိုးသားတစ်ဦး ဝါး Eiffel မျှော်စင် ပြုလုပ်

d4bed9d6cb401685adca05.jpg

Eiffel မျှော်စင် တည်ဆောက်ပြီးလို့ ရာစုနှစ် တစ်ခုထက်မကကြာတဲ့အချိန်မှာ တရုတ်နိုင်ငံ Henan ပြည်နယ်က အမျိုးသားတစ်ဦးက ဝါးခြမ်းလေးတွေ အသုံးပြု၍ Paris မြို့ရဲ့အထင်ကရ သမိုင်းအဆောက်အအုံ ပုံစံကို ပြုလုပ်ခဲ့ပါတယ်။ Xie အမည်ရှိ ယင်းအမျိုးသားက Eiffel Tower ပုံစံငယ်တစ်ခုကို သူ့ချစ်သူ ကောင်မလေးအတွက် လက်ဆောင်အဖြစ် လုပ်ပေးခဲ့ပါတယ်။

မီတာနဲ့ချီမြင့် ၄င်းအဆောက်အအုံ အပြီးတည်ဆောက်ဖို့ ဝါးအချောင်း ၂၀၀ ကျော် အသုံးပြုထားပြီး ဗိသုကာပညာရပ်ကို အဓိက သင်ယူထားတဲ့ ယင်းအမျိုးသားကို အချိန် ၁ လကျော် ကုန်ဆုံးစေခဲ့ပါတယ်။ ဒီတမူထူးခြားတဲ့ လက်ဆောင်ပစ္စည်းကြောင့် အင်တာနက်ပေါ် ပွက်လောထစေခဲ့တယ်။

ကုသိုလ်ကံပါတဲ့ ကောင်မလေးအတွက် အများစုက မနာလိုဖြစ်ခဲ့ကြပါတယ်။ တချို့ကလည်း “နည်းပညာ သရဲ ပြုလုပ်တဲ့ စိတ်ကူးယဉ်ဆန်ဆန် လက်ဆောင်ပစ္စည်း တစ်ခုပါပဲ” လို့ ချီးမွမ်း ကြပါတယ်။ သို့ပေမယ့်လည်းပဲ “Eiffel Tower ပုံစံ ငယ်လေးတော့ ကောင်းပါတယ်။ ဒါပေမယ့် Paris မြို့က တကယ့် မျှော်စင်ကြီးဆီကို သူ့ချစ်သူကောင်မလေးကို ခေါ်သွားတာကမှ ဘာနဲ့မှ နှိုင်းစရာမရှိတာဖြစ်ကြောင်း” အဆိုးမြင်ဝါဒီတွေက ပြောဆိုခဲ့ကြတယ်။

Ref: CD

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.