လွယ်ကူရိုးရှင်းတဲ့ သင်္ချာပုစ္ဆာတစ်ခု မှန်အောင် မဖြေဆိုနိုင်ခြင်းကြောင့် အိန္ဒိယသတို့သမီးမှ မင်္ဂလာဆောင်ပွဲကို ဖျက်သိမ်း

indian-bride-cancel-marriage-after-groom-failed-math-test-1.jpg

လက်ထပ်ထိမ်းမြားဖို့ အစီအစဉ်တွေအားလုံး အဆင်သင့်ဖြစ်နေခဲ့ပါတယ်။ ဧည့်သည်တွေ ရောက်ရှိနေကြပြီး ဧည့်ခံပွဲလည်း တည့်ခင်းနေကြပြီဖြစ်ပါတယ်။ နှလုံးသားနှစ်ခု တစ်ခုအဖြစ်သို့ ပေါင်းစည်းပေးမယ့် အဆိုပါ မင်္ဂလာပွဲ အခမ်းအနားပြီးဆုံးဖို့ အားလုံးက စောင့်ဆိုင်းနေကြပါတယ်။

ဒါပေမယ့်လည်း အခြေအနေတွေက စီစဉ်ထားသလိုဖြစ်မလာခဲ့ပါဘူး။ ဒီပျော်ရွှင်စရာကောင်းတဲ့ မင်္ဂလာအခမ်းအနား သတို့သမီးကနေ grade 1 ကျောင်းသားတောင် ဖြေဆိုနိုင်မယ့် လွယ်ကူတဲ့ သင်္ချာပုစ္ဆာတစ်ခု မေးခွန်းထုတ်ခဲ့ပါတယ်။ သတို့သမီးအနေနဲ့ ပညာတတ် ခင်ပွန်းအမျိုးသားအလိုရှိပြီး ဒီကြိုတင် စီစဉ်ထားတဲ့ လက်ထပ်မှုမှာ သတို့သားဟာ ကျောင်းပညာ သင်ယူထားသူဖြစ်ကြောင်း ဖော်ပြထားပါတယ်။

သူ့ဖြေဆိုမှု အမှားကြောင့် အဆင့်မြင့်ပညာရေး ဆည်းပူးခဲ့သူမဟုတ်ကြောင်း ထင်ရှားခဲ့ပါတယ်။ ၁၅×၆= ? မေးခွန်းကို ၁၇ လို့ ယခုလိုဖြေဆိုသွားပါတယ်။ ဒီလို လွယ်ကူတဲ့ ပုစ္ဆာတစ်ခုကို မှန်အောင် မဖြေဆိုနိုင်လို့ အံ့သြခြင်းဖြစ်တဲ့ သတို့သမီး ဒေါနဲ့မောနဲ့ ထွက်ပြေးခဲ့ပါတယ်။ စိတ်ဇဝေဇဝါဖြစ်သွားတဲ့ သတို့သမီး မိဘတွေက ပြန်စဉ်းစားပေးမယ်လို့ တောင်းပန်ကာ သူမကို ကြိုးစားနှစ်သိမ့်ခဲ့ကြပါတယ်။

မင်္ဂလာဆောင်ပွဲက အရမ်းကို သရုပ်ပျက်သွားခဲ့တာပါ။ ရဲတပ်ဖွဲ့အနေနဲ့ လက်ဆောင်ပစ္စည်းတွေ၊ အပြန်အလှန် လဲလှယ်ထားတဲ့ လက်ဝတ်ရတနာတွေ ပြန်လည်အပ်နံလို့ သက်ဆိုင်ရာ မိသားစုနှစ်စုကြား ကြားဝင်ဖြန်ဖြေပေးခဲ့ရတယ်လို့ သိရပါတယ်။ သတို့သမီးအနေနဲ့ သင့်တော်လိုက်ဖက်မယ့် သတို့သားလောင်း တစ်ယောက်ကို မိဘတွေ ရှာဖွေပေးလျက် ရှိနေပါတယ်။ ဒါပေမယ့် ယင်းပုစ္ဆာမျိုးကိုတော့ ဖြေဆိုအောင်မြင်ရပါလိမ့်မယ်။

Ref: EliteReaders

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.