အနီရောင် ၀ိုင်ကို နှစ်သက်သဘောကျသူ အမျိုးသမီးတွေဟာ ချစ်တင်းနှီးနှောလိုစိတ် ပိုမိုပြင်းပြ

url.jpg

ယမကာပေါင်း မြောက်များစွာထဲမှာမှ အခြားယမကာတွေ ထက်ပိုပြီး အနီရောင် ၀ိုင်ကို နှစ်သက် သဘောကျသူ အမျိုးသမီးတွေဟာ ချစ်တင်းနှီးနှောလိုစိတ် ပိုမိုပြင်းပြ ကြတယ်လို့ အီတလီ သုတေသီတွေက Journal of Sexual Medicine ထဲမှာ အခိုင်အမာ ဆိုထားပါတယ်။

ဖလောရီဆန့် တက္ကသိုလ်က ဆရာဝန်တွေဟာ အသက် ၁၈ နှစ်ကနေ အသက် ၅၀ ကြားရှိတဲ့ အမျိုးသမီး အယောက် ၈၀၀ ကို သူတို့ရဲ့ ယမကာသောက်သုံးတဲ့ အမူအကျင့်တွေအရ အဖွဲ့၃ ဖွဲ့ခွဲပြီး လေ့လာခဲ့ပါတယ်။ တစ်ဖွဲ့ကတော့ အနီရောင် ၀ိုင်တွေကို စွဲစွဲမြဲမြဲ သောက်သုံးကြပြီး နောက်တစ်ဖွဲ့ကတော့ အခြား ယမကာတွေကို သောက်သုံးလေ့ရှိကာ နောက်ဆုံးတစ်ဖွဲ့ကတော့ လုံးဝ မသောက်တတ်သူတွေပဲ ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ထိုအမျိုးသမီးတွေကို ချစ်တင်းနှီးနှောခြင်းနဲ့ ဆိုင်တဲ့ မေးခွန်း ၁၉ ခုကို မေးမြန်းခဲ့ပြီး အမှတ် ၂ မှတ် ကနေ ၃၆ မှတ်အထိ အစားစား သတ်မှတ်ခဲ့ပါတယ်။ အမှတ် ပိုများတဲ့လူဟာ ချစ်တင်းနှီးနှောလိုစိတ် ပိုများတာပဲ ဖြစ်ပါတယ်။

ပျမ်းမျှ အားဖြင့် တစ်နေ့ကို အနီရောင်ဝိုင် ၁ ခွက် (သို့) ၂ ခွက် သောက်သုံးတဲ့ အမျိုးသမီးတွေဟာ ၂၇.၃ မှတ် ရရှိခဲ့ပြီး အခြား ယမကာ သောက်သုံးတဲ့ အမျိုးသမီးတွေကတော့ ၂၅.၉ မှတ် ရရှိခဲ့ပါတယ်။ လုံးဝ မသောက်တတ်တဲ့ အမျိုးသမီးတွေကတော့ ၂၄.၄ မှတ်သာ ရရှိခဲ့တာကို တွေ့ရပါတယ်။

Ref:yourtango

51 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.