သားလေး ဂုဏ်ပြည့်စုံဖြိုးက မင်းသားလုပ်ဖို့ လူဖြစ်လာတာပါလို့ ဖွင့်ဟလိုက်တဲ့ ဖြိုးငွေစိုး

capture.png

အနုပညာ သက်တမ်း ၁၅ နှစ်နီးပါး ရှိလာပြီဖြစ်တဲ့ ဖြိုးငွေစိုးက သင်္ကြန်ကို ကလေးထိန်းရင်း ဖြတ်သန်းမယ်လို့ပြောပြလာပြီး လက်ရှိ အနုပညာလှုပ်ရှားမှုများနဲ့ ၂၀၁၅ အတွင်းသူဖန်တီးမဲ့ အနုပညာလှုပ်ရှားမှုများ အကြောင်း သူ့ရဲ့မိသားစုအကြောင်း အနည်းငယ်ကို မေးမြန်းပြောဆိုဖြစ်တဲ့အခါ “သားလေးက ခု ၆လရှိပြီ။ နာမည်က ဂုဏ်ပြည့်စုံဖြိုးပါ။ သားလေးက ငယ်သေးတော့ ခရီးတော့ မထွက်ဖြစ်ဘူး။ အိမ်မှာပဲ ဖြတ်သန်းဖြစ်မယ်။ သင်္ကြန်ကို အိမ်မှာ ကလေးထိန်းမယ်။ ခေါ်ထားတဲ့ သူငယ်ချင်းတွေရှိတော့ ခိုးထွက်ဖို့လဲ စိတ်ကူးထားပါတယ် ။ ကိုယ်ကိုတိုင်လဲ သင်္ကြန်ကို ဘာလုပ်ရမှန်းမသိတာ ၆ နှစ်လောက်ရှိပြီ။ ပြီးတော့ အဓိကက ကျွန်တော်အိမ်မှာ မနေရတာ အတော်ကြာပြီ။ ဒီပိတ်ရက်လေးပဲ အိမ်မှာနေရတာဆိုတော့ ကျွန်တော် အိမ်မှာနေမယ်။ ကလေးလစ်လို့ ခိုးထွက်လို့ရရင်လဲ ထွက်မယ်။ အဓိက အိမ်မှာနေရတာက   တော်ကြာ ကလေးက အဖေကို မမှတ်မိမှာလဲ ဆိုးရသေးတယ်။ သင်္ကြန်ကိုတော့ သားလေးကိုပဲ အချိန်ပေးပြီး ဖြတ်သန်းဖြစ်ပါမယ်။

 နှစ်ယောက်စလုံး ခုချိန်မှာ ဆုံးဖြတ်ထားတာတော့ နောက်ထပ်ကလေး ထပ်မယူတော့ဘူးလို့ ဆုံးဖြတ်ထားတယ်။ ဒါပေမဲ့ အတိအကျ အသေအချာ ပြောလို့မရသေးတဲ့ ကိစ္စဆိုတော့လေ။ ပြီးတော့ ကျွန်တော့်သားလေးက ခုမင်းသားဖြစ်ဖို့မွေးလာတယ်ဆိုတာ သေချာတယ်။ ဘယ်လောက်ငိုနေ ငိုနေ ကင်မရာထုတ်ပြလိုက်ရင် ငြိမ်သွားတယ်။ အရုပ်ကို စိတ်မ၀င်စားဘူး။ အ၀တ်အစားပဲ စိတ်ဝင်စားတယ်။ ရုပ်ရှင်တွေ ဘာတွေကြည့်ပြီဆိုရင်လဲ ခြေထောက်နှစ်ချောင်းကို ချိတ်ပြီး ငြိမ်နေတာပဲ။ ကြည့်တာက အဲ့လိုလေးတွေတော့ တွေ့နေရပါပြီ။ ဒီအလုပ်က ပင်ပန်းတာမှန်ပေမဲ့ ၀ါသနာပါလာပြီဆိုဘယ်သူမှတားလို့မရဘူးလေ။ အဲ့ဒါကြောင့်သားလေးကို အတတ်နိုင်ဆုံး ပံ့ပိုးပေးဖို့ဆုံးဖြတ်ထားပါတယ်”လို့ သူက ပြောပါတယ်။

လက်ရှိကားရိုက်ပိုင်းနဲ့ပတ်သက်ပြီးတော့လည်း သူက “ပိုပြီးတိကျသေချာအောင် လုပ်တတ်လာတယ်။ ပိုပြီး အိနြေ္ဒလဲ ရလာတယ်။ ကောင်းကောင်းလေးလဲ လုပ်တတ်လာတယ်။ အနုပညာသက်တမ်းက ခုဆို ၁၅ လဲရှိပြီ။ ကျွန်တော်အနုပညာနဲ့ပတ်သက်ပြီး ကံကောင်းတယ်လို့ ပြောလို့ရတယ်။ ကိုယ့်ထက် ၀ါရင့်တဲ့ စီနီယာတွေနဲ့ တွဲဖက်ရိုက်ကူးခွင့် ရတဲ့အတွက်ပညာတွေလဲ အများကြီးရခဲ့တယ်။ ဒီအနုပညာ အလုပ်အပြင်လဲ နောက်ပိုင်းမှာ ဒါနဲ့ပတ်သက်တဲ့ စီးပွားရေး တစ်ခုလောက် လုပ်ဖို့လဲ စိတ်ကူးရှိတယ်။ ၂၀၁၅ ရုပ်ရှင်ကားကြီး လက်ခံထားတာ မရှိသေးဘူး။ သင်္ကြန်ပြီးရင်လဲ ဗီဒီယိုလေးတွေပဲ ဆက်ရိုက်ဖြစ်မယ်။ ဇာတ်လမ်းတွဲလေးတွေ ဆက်ရိုက်ဖို့ ရှိပါမယ်”တဲ့။

ဖြိုးငွေစိုးဟာ အနုပညာလောကထဲမှာ သူစံထားရတဲ့သူက လွင်မိုးဖြစ်တဲ့ အကြောင်း ပြောပြသွားတဲ့အပြင် ခုရိုက်ကူးနေတဲ့ ဇာတ်ကားက ဒါရိုက်တာ သိန်းဟန် ( ဖီးနစ်) ရိုက်ကူးတဲ့ လာဘ်ကောင်လေး ဇာတ်ကားလို့ ဖွင့်ဟသွားပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.