ပူစပ်တဲ့ အစားအစာတွေကို ကြိုက်နှစ်သက်သူတွေဟာ ဘယ်လိုလူမျိုးတွေ ဖြစ်တတ်




Ref:mail online

Unicode

စပ်တဲ့အစားအစာတွေကို ကြိုက်နှစ်သက်သူတွေဟာ ဘယ်လိုလူမျိုးတွေ ဖြစ်သလဲ။ တစ်ချို့တွေက အစပ်ကို တက်တက်မက်မက်ကို စားတတ်ကြပါတယ်။ ဒီလိုလူမျိုးတွေရဲ့ ပြောကြားချက်နဲ့ လေ့လာချက် အသစ်အရ အစပ်စားရတာ နှစ်သက်သူတွေက အစွန်းတစ်ခုမှာ ရပ်နေရသလိုမျိုး ၊ ဆံ့တငံ့ငံ့နဲ့ရင်ခုန်ရတဲ့ ဇာတ်ကားတွေကြည့်နေရသလိုမျိုး ခံစားချက်ကို ရတယ်လို့ဆိုပါတယ်။  ဒါဟာ အဒရီနယ်ဂလင်း လို့ခေါ်တဲ့ စွမ်းအင်နဲ့တုံ့ပြန်မှုကို ပိုမိုထက်မြက်စေတဲ့ အရည်တွေ ထွက်လာတဲ့အတွက် ကြောင့်ပါပဲ။ သက်စွန့်ဆံဖျား အပြုအမူ တွေကိုနှစ်သက်လို့လဲ ဖြစ်ပါတယ်။

ယခင်ကတည်းက ယူဆလာခဲ့တဲ့ အယူအဆအရ စွန့်စားမှုနှစ်သက်သူတွေဟာ အဒရီလင်း လိုအပ်သူတွေဖြစ်ပြီး စွန့်စားမှု တစ်ခုလုပ်ဆောင်ခြင်းဖြင့် အဒရီလင်းကို ရယူလိုက်ရတဲ့အခါ ပိုပြီး နေသာထိုင်သာ ရှိသွားပါတယ်။ ဒါကြောင့် လက်ပစ်ဗုန်း အစရှိတဲ့ အန္တရာယ်ရှိတဲ့ အရာတွေနဲ့ လုပ်ကိုင်လိုက်ရရင် သာမန်ပြန် ဖြစ်သွားပါတယ်။ အလားတူပဲ အပူအစပ် စားလိုက်ခြင်းအားဖြင့် အနည်းငယ်နာကျင်မှုရသွားခြင်းက သင့်ရဲ့ အဒရီလင်း နှုန်းကို ပြန်လည် ထိန်းသိမ်းပေးပါတယ်။

Smell and Taste Treatment and Research Foundation မှ Dr.Alan Hirsch ရဲ့ ပြောကြားချက်အရ “စွန့်စားလိုသူတွေနဲ့ စပ်တဲ့အစားအစာတွေဟာ အပြန်အလှန် ဆက်စပ်နေကြောင်း သိစေခဲ့ပါတယ်”တဲ့။

Ref:mail online

815 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.