Girl Generation ဟာ သူမတို့ရဲ့ (၈)ခုမြောက် Singleကို ဂျပန်ဈေးကွက်အတွက်ရည်ရွယ်ပြီး “Galaxy Supernova”ဆိုတဲ့အမည်နဲ့ စက်တင်ဘာလ(၁၈)ရက်၊ ဗုဒ္ဓဟူးနေ့မှာ ဖြန့်ချိလိုက်ပါပြီ။ Background Slide အများအပြား အားဖြည့်ထားပြီး ပရိသတ်နားစွဲ၊ နားယဉ်စေမယ့် သံနေဟန်ထားအများစု ထည့်သွင်းသီဆိုထားပါတယ်။ အီလက်ထရို-ပေါ့ပ် အက်ကိုးသံတွေလည်း လှိုင်လှိုင်ကြီးသုံးထားတာ တွေ့ရပါတယ်။ ၀တ်ဆင်ထားတဲ့ အရောင်စုံဂျင်းကျပ်ကျပ်လေးတွေကတော့ သူမတို့ရဲ့ နောက်ဆုံးစပွန်ဆာ ဂျပန်ကုမ္ပဏီ “Samantha Tavasa”ကို အသိအမှတ်ပြုပေးလိုက်တာ ပါပဲ။
ဒုတိယပိုင်းမှာတော့ “Do the Catwalk” ဆိုတဲ့ သီချင်းလေးနဲ့ အလွယ်တကူ ဖမ်းစားနိုင်ခဲ့ပြန်တယ်။ အလွန်နားစွဲစေနိုင်တဲ့ လေချွန်သံချိုချိုလေးတွေကို ဟာမိုနီအဖြစ်ထည့်သွင်း သီဆိုထားပါတယ်။ ခေတ်ပေါ်စည်းချက် ခပ်ပြင်းပြင်းရှိတဲ့ ဆက်ဆိုဖုန်းအသံတွေက အလွန်ကောင်းမွန်တဲ့ နားဝင်ပီယံ ထိတွေ့မှုတစ်ခုဖြစ်နေပါတယ်။
ဂျပန်နိုင်ငံရဲ့ ဟော့အဖြစ်ဆုံးစာရင်း ၁၀၀မှာ နံပါတ်(၅)နေရာက ရပ်တည်နေနိုင်ခဲ့ပါတယ်။
Ref:kpopstarz