Kristen Stewart အပေါ်အချစ်မပြယ်သေးတဲ့ Robert Pattison

robert_pattioson.jpg

Robert Pattison တစ်ယောက် Kristen Stewart ကိုမမေ့ပျောက်နိုင်သေးပါဘူး။

သူတို့နှစ်ဦးဟာ မိတ်ဆွေတစ်ယောက်ဖြစ်တဲ့ Shannon Woodward ရဲ့တိုက်ခန်းမှာ တိတ်တဆိတ်တွေ့ဆုံခဲ့ကြတယ်လို့ဆိုပါတယ်။

Robert ဟာ Kristen ကိုချစ်နေဆဲဖြစ်ပြီး မခွဲနိုင်မခွာရက်ဖြစ်နေပါတယ်။ စတူဒီယိုတွေထဲမှာရော Shannon ရဲ့တိုက်ခန်းမှာရော လျှို့ဝှက်တွေဆုံလေ့ရှိပါတယ်။ သူတို့ ၃ယောက်ဟာ နှစ်ပေါင်းများစွာပေါင်းလာတဲ့ သူငယ်ချင်းအရင်းတွေဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက်အကာအကွယ်ပေးတတ်ကြပါတယ်။

အသက် ၂၇နှစ်ရှိပြီဖြစ်တဲ့ Robert ဟာ Kristen နဲ့အဆက်အသွယ်ဖြတ်လို့မဖြစ်နိုင်ဘူးဆိုတာကိုသိခဲ့ပါတယ်။ Kristen နဲ့ သူကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ Snow White and the Huntsman ရဲ့ဒါရိုက်တာ Rupert Sanders နဲ့ဖြစ်ခဲ့တဲ့ အရှုပ်ဇာတ်လမ်းဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက လူသိရှင်ကြားဖြစ်ခဲ့တာဖြစ်ပါတယ်။

“သူ (Robert) ဟာ အခြားကောင်မလေးတွေနဲ့ပွေရှုပ် ပါတီတက်ပြီး သူ့ (Kristen) ကိုရှောင်ခွာနေရတဲ့အဖြစ်ကို ငြီးငွေ့နေပါပြီ။ သူ့အတွက်အခြားမိန်းမတစ်ယောက်ဆိုတာမရှိပါဘူး” လို့အတွင်းလူတစ်ယောက်ကပြောပါတယ်။

Kristen နဲ့ပြတ်ပြီးတဲ့နောက်မှာ Robert ဟာ Sean Penn ရဲ့သမီး Dylan Penn နဲ့ပါတ်သတ်နေပြီးတော့ ဒီနှစ်ရဲ့အစောပိုင်းကာလမှာ Elvis Presley ရဲ့မြေး Riley Keough နဲ့လဲ ကာလတိုချစ်ကြိုက်ခဲ့တယ်လို့ဆိုပါတယ်။

Ref:starpulse

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.