နေ့လည်ပိုင်း ထမင်းစားချိန် အလုပ်စားပွဲမှာပဲထိုင်စားရင် အလုပ်ကိုစွမ်းစွမ်းဆောင်ဆောင်လုပ်နိုင်ပြီး အလုပ်ပိုပြီးတယ် လို့ သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ နေ့လည်စာစားချိန်မှာ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ တစ်နာရီလောက် အချိန်ဖြုန်းရင်တော့ ဦးနှောက်စွမ်းဆောင်ရည်ကို ထိခိုက်စေပါတယ်။ စားသောက်ဆိုင်မှာ သူငယ်ချင်းတွေနဲ့ သွားစားပြီး တစ်နာရီလောက်အချိန်ဖြုန်းလေ့ရှိသူတွေဟာ အလုပ်အပေါ်မှာ အာရုံစူးစိုက်မှု အားနည်းတတ်ပြီး နိုးကြားမှုလည်းနည်းသွားတတ်တော့တာပါပဲ။ သူတို့ဟာ အသေးစိတ်တာဝန်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ကိုခဲယဉ်းလာသလို အသေးအမွှားအမှားတွေကို မမြင်တတ်တော့ပါဘူး။
အလုပ်စားပွဲမှာပဲ ထိုင်စားတဲ့သူတွေကတော့ စိတ်ပိုင်းအရ ပိုထက်မြက်နေပါတယ်။ အစားအသောက် မတူလို့စွမ်းဆောင်ရည်ကွာတာလို့ ပြောချင်ကောင်းပြောပါလိမ့်မယ်။ ဒါပေမဲ့လေ့လာမှုပြုတဲ့ရက်တွေမှာ အစားအသောက်တွေကတူသလို နှစ်ဖွဲ့စလုံးဟာ အရက်သောက်တာလည်းမရှိပါဘူး။
ထမင်းစားချိန် အပြင်ထွက်စားတဲ့သူတွေရဲ့ အားသာချက်ကတော့ စိတ်ပြေလက်ပျောက်ဖြစ်ပြီး မြူးကြွနေကြတာပါပဲ။ အလုပ်စားပွဲမှာပဲထိုင်စားတတ်တဲ့ သူတွေကတော့ နေ့လည်စာစားရင်းနဲ့ အီးမေလ်တွေပြန်ပို့နေမယ်ဆိုရင် အဲ့ဒီ့အီးမေလ်တွေပါ ရောစားမိပါလိမ့်မယ်။ အစားပေါ်အာရုံစိုက်မှု အပြည့်မရှိရင် အစာလဲမကြေနိုင်သလို စိတ်ကျေနပ်မှုမရနိုင်တဲ့အတွက် ကွက်ကီးစားချင်စိတ်တွေ ပေါ်လာပါလိမ့်မယ်။ ဒါတွေကတော့ အလုပ်စွမ်းဆောင်ရည်ကောင်းပေမယ့် ကျန်းမာရေးအတွက်မကောင်းတဲ့ အားနည်းချက်ပဲဖြစ်ပါတယ်။
အလုပ်ကိုအာရုံစိုက်ပြီး မြူးမြူးကြွကြွမရှိတဲ့ အလုပ်စားပွဲမှာပဲနေ့လည်စာစားခြင်းဟာ ဓါတ်ခွဲခန်း၊ စက်ရုံအလုပ်၊ ဂဏန်းတွက်ချက်တဲ့ အလုပ်တွေမှာကောင်းပါတယ်။ မြူးမြူးကြွကြွနဲ့ စိတ်ပြေလက်ပျောက်ဖြစ်တဲ့ သူငယ်ချင်းလုပ်ဖော်ကိုင်ဖက်တွေနဲ့ အပြင်ထွက်စားခြင်းကတော့ လူမှုရေးသဟဇာတဖြစ်ဖို့ လိုတဲ့အလုပ်၊ စိတ်ကူးတွေ ကွန့်မြူးပြီး ဖန်တီးရတဲ့အလုပ်တွေအတွက် ကောင်းပါတယ်။
အဲ့ဒီ့တော့ အားသာချက်၊ အားနည်းချက်တွေကို လိုက်လျောညီထွေအောင် မျှလိုက်ပြီး စွမ်းစွမ်းဆောင်ဆောင်လဲ အလုပ်လုပ်နိုင်မယ့်၊ ကျန်းမာရေးအတွက်လည်းကောင်းမွန်မယ့်၊ လူမှုရေးလဲသဟဇာဖြစ်မယ့် နည်းလမ်းကိုပဲ ရွေးချယ်တာကောင်းပါတယ်။
Ref:dailymail