Las Vegasမှာကျင်းပခဲ့တဲ့ နိုင်ငံတကာ သုံးစွဲသူ အီလက်ထရောနစ်ပြပွဲ (CES) မှာ ဂျာမနီအခြေစိုက် နိုင်ငံပေါင်းစုံ အီလက်ထရောနစ်ကုမ္ပဏီ Boschဟာ သူ့ရဲ့ ပါကင်ထိုးappသစ်ကို ပြသသွားပါတယ်။
အလိုအလျောက် ပါကင်ထိုးစနစ်ကို အသုံးပြုဖို့အတွက် ကားမှာ အာရုံခံကိရိယာ ၁၂ခုတပ်ထားရပါမယ်။ တစ်စုံတစ်ရာ တိုက်မိတာ၊ ခြစ်မိတာ မဖြစ်ဘဲ လမ်းကို scanဖတ်ပြီး ပါကင်ထိုးဖို့အတွက်ပေါ့။
ကျဉ်းကျဉ်းကျပ်ကျပ် နေရာတွေမှာ ပါကင်ထိုးဖို့အတွက် ယာဉ်မောင်းတွေအနေနဲ့ စိတ်ပူစရာမလိုတော့ပါဘူး။ နည်းပညာက သိပ်ရှုပ်ထွေးသလောက် ယာဉ်မောင်းအနေနဲ့ ကားဘေး လမ်းတစ်နေရာကနေ စမတ်ဖုန်းအသုံးပြုပြီး ပါကင်ထိုးရုံပါပဲ။
ဗြိတိန် နဲ့ ဥရောပ မှာရှိတဲ့ စူပါမားကစ်တွေ၊ ရုံးတွေ နဲ့ အများပြည်သူ အထပ်မြင့်တိုက်တွေလို လမ်းကြပ်တဲ့နေရာတွေအတွက် အထူးတလည် အသုံးတည့်မယ်လို့ ထင်ရပါတယ်။
နောက်ဆိုရင် တည်နေရာ A ကနေ Bကို မောင်းသွားဖို့အတွက် ကွန်ပျူတာစနစ်တွေက တာဝန်ယူနိုင်တော့မှာ ဖြစ်တဲ့အတွက် ယာဉ်မောင်းတွေဟာ လိုက်ပါစီးနင်းသူသက်သက်သာ ဖြစ်တော့မှာပါ။ ဒီလိုဖြစ်လာဖို့အတွက် Bosch ကုမ္ပဏီကထုတ်လုပ်လိုက်တဲ့ ဒီနည်းပညာဟာ နောက်ဆုံးရ အထောက်အထားတစ်ခုပါပဲ။
Ref:dailymail