ဘိုင်ယန်မြူးနစ်အသင်းကို ပြီး ခဲ့တဲ့ ၂၀၁၂-၂၀၁၃ ဘောလုံးရာသီမှာ သမိုင်းဝင် ဖလားသုံးလုံးရယူပေးခဲ့ပြီးတဲ့ နောက် နည်းပြလောကထဲကနေ အပြီး တိုင်အနားယူသွားခဲ့တဲ့ ဂျက်ဟေးနက်စ် က လက်ရှိဘိုင်ယန်မြူးနစ်အသင်းဟာ နောက်ထပ်ဆယ်စုနှစ်တစ်စုကြာတဲ့အထိ စိုးမိုးသွားနိုင်လောက်တဲ့ အခြေအနေမျိုး ရှိနေပါပြီလို့ ကြိုတင်ဟောကိန်းထုတ် လာခဲ့ပါပြီ။ (၆၈)နှစ်အရွယ်နည်းပြကြီး က “ဒီလိုအရည်အချင်း၊ အသက်အရွယ်၊ အပြန်အလှန်လေးစားမှုများနဲ့ ဖွဲ့စည်း ထားနိုင်တဲ့ အစုအဖွဲ့တစ်ခုဟာ နောက် ဆယ်စုနှစ်တစ်စုအထိ ရေရှည်ရပ်တည် နိုင်ပါလိမ့်မယ်။ ဥရောပနံပါတ်တစ်အ သင်းအဖြစ် လာမယ့်နှစ်ပေါင်းများစွာအ ထိ ရပ်တည်နိုင်အောင် အင်အားတောင့် တင်းခိုင်မာလွန်းနေပါတယ်”လို့ မှတ်ချက် ပြုသွားခဲ့ပါတယ်။
ဂျက်ဟေးနက်စ်ဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ကမ်းလှမ်းမှုများစွာရှိခဲ့ပေ မယ့်လည်း အနားယူသွားခဲ့သူပါ။ ဒီလို အလားအလာကောင်းလွန်းနေတဲ့အသင်း မျိုးကနေ ထွက်ခွာလာခဲ့ခြင်းအတွက် သူ ဘယ်တော့မှ နောက်တရနေမှာမဟုတ်ပါ ဘူးတဲ့။ “ လက်လွတ်ပေးလိုက်ဖို့ဆုံးဖြတ် ချက်ကို လွယ်ကူစွာပဲချခဲ့တာပါ။ ဒါက ကျွန်တော့အနေနဲ့ နောက်ဘက်မှာသာရှိ နေခဲ့ပြီး လူလုံးအရမ်းမပြခဲ့တာကြောင့် လည်းပါမယ်ထင်ပါတယ်”လို့ ဂျက်ဟေး နက်စ်က ပြောခဲ့ပါတယ်။ လက်ရှိအချိန် မှာလည်း ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒက်စ်လီဂါဆောင်းခိုချိန်မှာ (၇)မှတ် ပြတ်နဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေ နိုင်ပါပြီ။