(၅) နှစ်ကြာ အဝတ်ဗလာနဲ့ မိဘတွေရဲ့ အကျဉ်းချခံထားခဲ့ရတဲ့ ကောင်မလေး

capture_girl.png

အသက် ၂၄ နှစ်အရွယ် အမျိုးသမီး Zhang Qi ဆိုသူဟာ တရုတ်နိုင်ငံ Hubei ပြည်နယ် Jiaogan မြို့ Jingang ကျေးရွာမှာ မိဘတွေက စွန့်ပစ်ခြင်းကို ခံနေရသူဖြစ်ပြီး အိမ်တစ်လုံးအတွင်း (၅) နှစ်ခန့် သော့ခတ်ချိတ်ပိတ် ခံခဲ့ရကြောင်း cnhubei.com ပေါ် အင်တာနက် အသုံးပြုသူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

သူတို့သမီးလေး စိတ်မနှံ့ ရောဂါခံစားခဲ့ရပေမယ့် ဆေးရုံမပြနိုင်ခဲ့ဘူးလို့ မိဘတွေက ပြောဆိုခဲ့တယ်။ ဒီ့အပြင် သူမဟာ တခြားသူတွေအတွက် အသက်အန္တရာယ်ရှိသူ တစ်ယောက်လည်းဖြစ်ကြောင်း ဆိုထားကြပါတယ်။

ယင်းကလေးမရဲ့ ချစ်သူကောင်လေးက နီးစပ်တဲ့ ဆွေမျိုးအသိုင်းအဝိုင်းထဲက မဟုတ်တာကြောင့် သူမ အသက် (၁၈) နှစ်ရောက်တဲ့အခါ မိဘတွေက ကောင်လေးကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြောင်း အသေးစိတ်အချက်အလက်တွေကို County ရဲတပ်ဖွဲ့မှ ထုတ်ဖော်ခဲ့ပါတယ်။ သမီးဖြစ်သူအား စိတ်ပိုင်းဆိုင်ရာ အကြီးအကျယ် ထိခိုက်မှုဖြစ်အောင် အပြောအဆိုအားဖြင့်လည်း သူတို့က နှိပ်စက်ညှည်းပန်းခဲ့ကြပါသေးတယ်။

ယခုအခါမှာတော့ အင်တာနက် သုံးစွဲသူအချို့မှတဆင့် ကောင်မလေးကို ကယ်တင်ပြီး ဆေးရုံသို့ ပို့ပေး ခဲ့ကြပါတယ်။ သူမရဲ့ ဆေးဖိုးဝါးခ ကုန်ကျစရိတ်အားလုံး အစိုးရမှ တာဝန် ယူထားပြီး ၄င်းအမှုကိုတော့ စုံစမ်း စစ်ဆေးလျက် ရှိပါတယ်။

Ref:chinadaily.com.cn

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.