အသက် ၆၀ကျော်ဘီးကြဲတွေ ဖြစ်တဲ့ Bill, Paddy, Sam နဲ့ Archie တို့ဟာ Billy ရဲ့လက်ထပ်ပွဲအတွက် bachelor ပါတီဆင်နွှဲဖို့ Las Vegas မှာလာဆုံကြမှာပါ။ Archie ဟာရုတ်တရက်စိတ်ဖေါက်ပြန်တဲ့ဝေဒနာခံစားရပြီးကထဲက တချောင်ချောင်ဖြစ်နေပြီး New Jersey မှာသူ့သားနဲ့အတူနေနေတာပါ။ Paddy ကတော့သူ့မိန်းမသေပြီးကတည်းက သူ့ရဲ့တိုက်ခန်းထဲမှာအောင်းနေခဲ့တာပါ။ Sam ကတော့ ဖလော်ရီဒါက အငြိမ်းစားအဖွဲ့အစည်းတစ်ခုမှာသူ့မိန်းမနဲ့အတူ စိတ်မပါတစ်ပါနဲ့အဖွဲ့ဝင်ဖြစ်နေသူပါ။
Billy အဖြစ် Michael Douglas, Paddy အဖြစ် Robert De Niro, Archie အဖြစ် Morgan Freeman, Sam အဖြစ် Kevin Kine စတဲ့နာမည်ကြီးဝါရင့်သရုပ်ဆောင်တွေပါဝင်ထားတဲ့ ဟာသဒရာမာဇာတ်ကားကောင်းဖြစ်ပါတယ်။ ဒါရိုက်တာကတော့ National Treasure ရဲ့ဒါရိုက်တာ Jon Turteltaub ဖြစ်ပါတယ်။
(Ref:Wikipedia, imdb)
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။