Melody World ကနေမှတစ်ဆင့် ပရိသတ်တွေရဲ့ အားပေးလက်ခံမှုကို ရရှိခဲ့တဲ့ အဆိုတော် နေနေ ကို သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေနဲ့အတူ သူမရဲ့ မင်္ဂလာသတင်းအကြောင်းကို ခုလို မေးမြန်းဖြစ်တဲ့အခါ ‘နေနေ အခုလတ်တလောမှာတော့ ရှိုးပွဲတွေ ဆက်တိုက် ဆိုဖြစ်နေပါတယ်။ နောက်ပြီး နေနေရဲ့ ဒုတိယမြောက် တစ်ကိုယ်တော် တေးစီးရီးအတွက် ပြင်ဆင်နေပါတယ်။ နောက်ပြီးတော့ ရှိုးပွဲတွေ၊ အတွဲအခွေတွေအတွက် ဗီစီဒီတွေရိုက်ကူး ဖြစ်နေပါတယ်။’လို့ သူမက ပြောပါတယ်။
၂၀၁၄မှာပြုလုပ်မယ့် သူမရဲ့မင်္ဂလာပွဲကို ရက်ပြောင်းလဲ သတ်မှတ်ဖြစ်သွားတဲ့ အကြောင်းကိုတော့ သူမက ‘နေနေတို့ရဲ့ မင်္ဂလာပွဲကို၂၀၁၄ မှာကျင်းပဖို့ စီစဉ်ထားပေမယ့် ၂၀၁၄ မှာနေနေရဲ့ ဒုတိယစီးရီးလည်း ထွက်စရာရှိတယ်။ နောက်ပြီး ပိုက်ဆံလည်း စုချင်သေးတဲ့ အတွက်ကြောင့်ပါ။ အဲဒါကြောင့် နေနေတို့ရဲ့ မင်္ဂလာပွဲကို ၂၀၁၅ကျမှပဲ ကျင်းပတော့မယ်လို့ ဆုံးဖြတ်လိုက်တာပါ။ ဒုတိယစီးရီးအတွက် သီချင်းတွေ စုနေတယ်။ ဒီအခွေလေးထဲမှာ owntune တွေအပြင် ရုပ်ရှင်ဇာတ်ဝင်တေး တစ်ပုဒ်လည်း ထည့်ထားပါတယ်။ ပရိသတ်တွေအတွက်လည်း သီချင်းအမျိုးအစား အစုံအလင် နားထောင်ရအောင်လည်း ထည့်ထားပေးပါတယ်’တဲ့။