ယခင်က ဘုန်းမီးနေလတောက်ပခဲ့သော အေစီမီလန်အသင်း၏ အဓိကကျသော ကျောရိုးကစားသမားတစ်ဦး ဖြစ်ခဲ့ဖူးသူ ဂန်နာယိုဂတ်တူဆိုက ယနေ့ အေစီမီလန်အသင်း အခြေအနေဆိုးရွားနေရခြင်းမှာ ဘောလုံးရာသီအ ကြို ကစားသမားခေါ်ယူမှုတွင် လှုပ်ရှားမှုအား နည်းလွန်းခဲ့ခြင်းကြောင့် ဖြစ်ကြောင်း ပြစ်တင်ဝေဖန်လာခဲ့ပြီဖြစ် သည်။ အေစီမီလန်အသင်းမှာ ယခုနှစ်ဘောလုံးရာသီ အီတလီစီးရီးအေပွဲစဉ်(၁၂)အပြီးတွင် (၁၂)မှတ်သာရရှိ ထားပြီး အဆင့်(၁၁)နေရာတွင်သာ ရပ်တည်နေရသည်။ “ အီတလီစီးရီးအေမှာ ချန်ပီယံဆုဖလားအတွက် ယှဉ် ပြိုင်နိုင်ဖို့ဆိုတာက တောင့်တင်းတဲ့အသင်းတည်ဆောက်နိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုတောင့်တင့်းတဲ့အသင်းအင် အားမျိုးကို ရရှိဖို့အတွက်ဆိုတာ ငွေကြေးအမြောက်အများသုံးစွဲမှပဲ ဖြစ်နိုင်မှာပါ”ဟု ဆွစ်ဇာလန်ကလပ် အက်ဖ် စီဆီယွန်တွင် ကစားနေသော (၃၅)နှစ်အရွယ် အီတလီလက်ရွေးစင်ဟောင်းက ပြောခဲ့သည်။ ထို့ပြင် ရိုးမား၊ နာ ပိုလီနှင့် ဂျူဗင်တပ်စ်အသင်းတို့မှာ ငွေအမြောက်အများအသုံးပြုကာ အင်အားဖြည့်တင်းထားခြင်းကြောင့် ချန်ပီ ယံဘွဲ့အတွက် ပစ်မှတ်ထားနေနိုင်ကြခြင်းကိုလည်း ထောက်ပြခဲ့သည်။
အလားတူဝေဖန်မှုမျိုးကို ယခင်ဂျူဗင်တပ်စ်ဒါရိုက်တာဟောင်း၊ စီးရီးအေလုပ်ပွဲအရှုပ်တော်ပုံတွင် အဓိကတရားခံ ဖြစ်ခဲ့သူ လူစီယာနိုမော့ဂီကလည်း ပြုလုပ်ခဲ့သေးပြီး လက်ရှိအေစီမီလန်အသင်းရလဒ်များဆိုးရွားနေခြင်းအ တွက် နည်းပြအယ်လီဂရီအား ထုတ်ပယ်ခြင်းမှာ အဖြေမဟုတ်ကြောင်း၊ အဓိက တာဝန်ရှိသူများမှာ အယ်လီဂရီ အား အင်အားနည်းပါးသည့်အသင်းမျိုးဖြင့် ယှဉ်ပြိုင်စေခဲ့သူများပင်ဖြစ်ကြောင်း ဝေဖန်ခဲ့ခြင်းဖြစ်သည်။
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။