အမျိုးသားတွေလည်း ဘာကြောင့် ကွဲပြားခြားနားတဲ့ ပုံမှန်အသားအရေထိန်းသိမ်းမှု ပြုလုပ်ဖို့ လိုသလဲ

Separate-Skincare-Routine-For-Men--4.jpg

လွန်ခဲ့တဲ့ နှစ်အနည်းငယ်တွေလောက်အထိ အမျိုးသားအတော်များများစုက ဆပ်ပြာနဲ့ ရေရှိရင် သူတို့အတွက် တစ်ကမ္ဘာလုံးမှာ ပြည့်စုံလုံလောက်ပြီဆိုတဲ့ အမှတ်နဲ့ အသားအရေကို ထိန်းသိမ်းတာမျိုးတွေပြုလုပ်လေ့ မရှိကြပါဘူး။ တခါတလေကျပြန်တော့လည်း ကိုယ့်ချစ်သူကောင်မလေး ဒါမှမဟုတ် ဇနီးဆီက မျက်နှာသစ်ဆပ်ပြာ။ တိုနာတို့ကို ငှားရမ်းသုံးစွဲကြတာမျိုးလည်း ရှိတတ်ကြပါတယ်။ နောက်ပိုင်းမှာတော့ အမျိုးသားတွေကလည်း အသားအရေး ထိန်းသိမ်းမှုကရတဲ့ ရလဒ်ကောင်းတွေကို တွေ့ရှိလာကြလို့ Skincare တွေကို ပိုမိုသုံးစွဲလာကြပြီး အမျိုးသားတွေအတွက် တစ်နှစ်ထက်တစ်နှစ်မှာ မတူညီတဲ့ အသားအရေထိန်းသိမ်းတဲ့ ထုတ်ကုန်ပစ္စည်းတွေလည်း ပိုမိုထုတ်လုပ်လာကြပါတယ်။ ဒီလိုကွဲပြားခြားနားတဲ့ Skincare ကုန်ပစ္စည်းတွေကိုထုတ်လုပ်နေရတဲ့ အကြောင်းအရင်းက ငါးချက်ရှိပါတယ်။

(၁) အမျိုးသားဟော်မုန်းကြောင့်

အမျိုးသားတွေရဲ့ အသားအရေတွေက အမျိုးသမီးတွေထက် အဆီပြန်နေတတ်ကြပါတယ်။ ဒါကတော့ အမျိုးသားဟော်မုန်းတွေကြောင့် ကွဲပြားခြားနားနေတာပါ။ အမျိုးသားဟော်မုန်းဓာတ် မြင့်လေလေ အဆီထုတ်လုပ်မှုနှုန်းက များလေလေပါပဲ။ ဒါတွေက အရေပြားပြသနာတွေကို ဖြစ်စေနိုင်ပါတယ်၊ ဒါကြောင့်လည်း အမျိုးသားတွေအတွက်ထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆပ်ပြာတွေက အမွှေးနံ၌သာ အနည်းငယ်သာပါဝင်ပြီး မျက်နှာကို ပိုမိုသန့်စင်စေနိုင်ရုံသာမက အမျိုးသမီးသုံးမျက်နှာသန့်စင် ဆပ်ပြာထက် ပိုနည်းတဲ့ စွတ်စိုမှုတွေကို ရနိုင်ပါတယ်၊ ဒါကြောင့် အမျိုးသားတွေက မိမိရဲ့ ချစ်သူ။ ဇနီးတို့ရဲ့ မျက်နှာသစ်ဆပ်ပြာရည်ကို အသုံးမပြုဘဲ အမျိုးသားတို့အတွက် ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကိုပဲ သုံးစွဲတာက အန္တရာယ်ကင်းရှင်းနိုင်ပါတယ်။

(၂) အရေပြားထူထပ်ခြင်း

ပုံမှန်အားဖြင့် အမျိုးသားတွေရဲ့အရေပြားက အမျိုးသမီးတွေထက် ၂၀ရာခိုင်နှုန်းကနေ ၃၀ရာခိုင်နှုန်းအထိ ပိုထူနေတတ်တာကြောင့် ချွေးပေါက်တွေလည်း အများကြီးရှိနေတတ်ကြပါတယ်။နောက်ထပ် ကွဲပြားခြားနားချက် တစ်ခုကတော့ အမျိုးသားတွေရဲ့ အသားအရေက နေလောင်ဒဏ်ကို အမျိုးသမီးတွေထက် ခံနိုင်ရည်ပိုရှိကြပါတယ်။ ဒါပေမဲ့ ပေါ့ပေါ့နေလို့တော့ မရပါဘူး။ အပြင်သွားရင် နေလောင်ဒဏ်ကာကွယ်နိုင်တဲ့ ခရင်မ်ကိုလိမ်းသင့်ပါတယ်။

(၃) အိမ်ပြင်မှာအနေများခြင်း

ယောက်ျားလေးတွေက အိမ်မကပ်ကြတာများပါတယ်။ အိမ်တကာလည်ပြီး သူငယ်ချင်းတွေနဲ့ လည်ပတ်လျှောက်သွားနေရတာကို နှစ်သက်ကြတယ်။ ဒါမှမဟုတ်လည်း ချွေးသံတရဲရဲနဲ့  နေပူထဲမှာ ဆော့ကစားနေရတာကို နှစ်သက်ကြပါတယ်။ UV ရောင်ခြည်တွေက အသားအရေကို ထိခိုက်ပျက်စီး စေနိုင်ရုံသာမကဘဲ အရေပြားကင်ဆာပါ ဖြစ်စေနိုင်ပါတယ်၊ ဒါကြောင့်မို့ အပြင်ထွက်တိုင်း SPF 15 ဒါမှမဟုတ် SPF 15 ထက်ပိုတဲ့ Sunscreen ကိုလိမ်းသင့်ပါတယ်။

(၄) မုတ်ဆိတ်ရိတ်ခြင်း

ပါးသိုင်းမွှေးရိတ်တာက မျက်နှာပေါက ဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ နေ့စဉ်နေ့တိုင်း မုတ်ဆိတ်ရိတ်တာ၊ ပါးသိုင်းမွှေးရိတ်တာတွေက အရေပြားကို ကျိန်းစပ်စပ်ဖြစ်တာ၊အဖုအပိမ့်ထွက်တာ၊ ဘရိတ်ဓားနဲ့ မတော်တဆ ထိရှမိတာတွေသာမကဘဲ အဆိုးဆုံးက ၀က်ခြံတွေပါ ပေါက်စေနိုင်ပါတယ်။ ဒီလို မဖြစ်စေချင်ရင်တော့ မျက်နှာက အမွှေးအမျှင်တွေကို ရိတ်ပြီးနောက်မှာ အသုံးပြုလို့ရတဲ့ တိုနာတွေကို ၀ယ်ယူအသုံးပြုသင့်ပါတယ်။

(၅) အလုပ်ရှုပ်မခံခြင်း

နေ့ စဉ်သုံးအသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေမှာဗီတာမင် A,C,E တို့ ပါဝင်တဲ့အပြင် တခြား အက်ဆစ်တွေလည်း ပါဝင်နေပါတယ်။ အမျိုးသမီးတွေက All in 1 အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေကို သိပ်သုံးလေ့မရှိကြပါဘူး။ သတ်သတ်ဆီခွဲထားတဲ့ Skincare မျိုးကိုသာအသုံးများပါတယ်။ အမျိုးသားတွေကတော့ အလုပ်ရှုပ်မခံကြပါဘူး။ Skincare အမျိုးအစား စုံစုံလင်လင်ပါလေလေ ပိုနှစ်သက်ကြလေပါပဲ။

Ref: mensxp

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.