လက်ရှိချန်ပီယံ ဒေးဗစ်ဖာရားကို အနိုင်ယူပြီး ပဲရစ်မာစတာချန်ပီယံဘွဲ့ကို ဂျိုကိုဗစ်လွဲပြောင်းရယူခဲ့

news_c1.jpg

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့တွင်ကျင်းပပြုလုပ်ခဲ့သော ပဲရစ်မာစတာတင်းနစ်ပြိုင်ပွဲ၏အမျိုးသားဗိုလ်လုပွဲတွင် ဆားဘီးယားတင်းနစ်သမားနိုဗက်ဂျိုကိုဗစ်ကလက်ရှိချန်ပီယံစပိန်နိုင်ငံသားဒေးဗစ် ဖာရားကို (၇-၅)(၇-၅)ဖြင့်အနိုင်ရရှိကာ ဗိုလ်စွဲသွားခဲ့ပြီဖြစ်သည်။ ထိုသို့ဗိုလ်စွဲခဲ့ခြင်းမှာဂျိုကိုဗစ်အတွက် ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက ဘေဂျင်းမာစတာနှင့်ရှန်ဟိုင်းမာစတာများတွင် ချန်ပီယံဖြစ်ခဲ့ပြီး တတိယမြောက်မာစတာချန်ပီယံဘွဲ့ကို သုံးပွဲဆက်ရရှိခဲ့ခြင်းလည်း ဖြစ်သည်။ ဂျိုကိုဗစ်မှာ ထိုသို့မာစတာ ပြိုင်ပွဲ(၃)ပွဲဆက်ချန်ပီယံဖြစ်ခြင်းမျိုးကို၂၀၁၁ခုနှစ်အတွင်းကလည်း ရောမ၊ မက်ဒရစ်နှင့် မွန်ထရီရယ်မာစတာ ပြိုင်ပွဲများတွင် ဆက်တိုက်ချန်ပီယံဖြစ်ပြီး ရရှိခဲ့ဖူးသေးသည်။“ ပွဲစကတည်းက အမှတ်တွေရဖို့အတွက် အသည်းအသန်ကြိုးစားရမယ်ဆိုတာကျွန်တော်သိထားပါတယ်။ သူက ကျွန်တော့ကိုအမှတ်တွေအလကားပေးမယ့်သူမဟုတ်ပါဘူး။ ဘောလုံးဘယ်နေရာရောက်ရောက်လိုက်ဆယ်မယ့်သူမျိုးဗျ။ သူကပြိုင်ဘက်ကောင်းတစ်ယောက်ဖြစ်ပြီးအလေးစားရဆုံးတစ်ယောက်တည်းမှာလည်းပါ ပါတယ်။ အရမ်းကြိုးစားတတ်ပေမယ့် နှိမ့်ချနေထိုင်တတ်သလို ဆက်ဆံရေးကောင်းတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ဒီနှစ်နွေကတော့ အတက်အကျတွေများခဲ့တယ်။ အခုဆိုရင်အမြင့်ဆုံးဆိုတဲ့အခြေအနေနဲ့ ကစား နေပါပြီ။ ယုံကြည်မှုတွေလည်းတအားမြင့်မားနေပါပြီ”ဟု ပဲရစ်မာစတာချန်ပီယံ နိုဗက်ဂျိုကိုဗစ်ကပြောခဲ့သည်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.