အကယ်ဒမီပေးပွဲမှာ ရွှေအိုရောင်ဝတ်စုံနဲ့ နတ်သမီးလေးလို လှပနေခဲ့တဲ့ န၀ရတ်နဲ့ တွေ့ဆုံတုန်း သူမရဲ့ အသားအရေ ထိန်းသိမ်းမှုအပိုင်းနဲ့ပတ်သတ်ပြီးတော့ မေးမြန်းကြည့်လိုက်တဲ့အခါ ‘အသားရေကတော့ ထိန်းသိမ်းရတာကို ၀ါသနာပါတာ။ အစ်မက ဖက်ရှင်နဲ့ အသားရေပိုင်းကို တွဲဖက်ပြီး မြင်မိတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ထိန်းသိမ်းထားတဲ့ အသားရေပေါ်မှာ လှပတဲ့ဖက်ရှင်ကို ဆင်ယင်လိုက်မယ်ဆိုရင် ပြောစရာမလိုအောင်ကို ပြီးပြည့်စုံသွားမယ် လို့အစ်မထင်တယ်။ အသားအရေနဲ့ပတ်သတ်ရင် အိမ်မှာအသီးအနှံတွေနဲ့ပေါင်းတင်တယ်။ နို့နဲ့စိမ်တာမျိုး ရှိတယ။် ပန်းပွင့်အသီးအနှံတွေနဲ့လဲ စိမ်ဖြစ်တယ်။ အိမ်မှာဆိုတော့ ကိုယ့်ဟာကိုယ် လုပ်ရတာမျိုးပေါ့။ အဲလိုလေးတွေ ထိန်းသိမ်းဖြစ်တယ။် ပြီးတော့ ကိုယ်ကကားရိုက်နေရတာဆိုတော့ နေဒဏ်၊ မီးဒဏ်၊မှန်ထိုးတဲ့ဒဏ်တွေကို ကာကွယ်နိုင်ဖို့အတွက်က UVပါတဲ့ဟာတွေ များများ လိမ်းဖြစ်တယ။် ဒီနိုင်ငံရဲ့ရာသီဥတုက အရမ်းပူတဲ့အတွက် အနုပညာအလုပ်လုပ် နေတဲ့သူတွေအနေနဲ့ အသားအရေပိုင်းနဲ့ ပတ်သတ်ပြီး သာမာန်သူတွေထက် ထိန်းသိမ်းသင့်တယ်လို့ထင်မိတယ။် ဆံပင်ပိုင်းကတော့ ဆိုင်က တာဝန်ယူပေးတယ။် ပေါင်းတင်တယ်။ ပုံသွင်းတယ်။ အရောင်တင်တယ်။ အမြဲလိုလိုပြောင်းလဲဖြစ်တဲ့အထဲမှာ အစ်မရဲ့ဆံပင်လဲပါတယ။် ဆံပင်ကတော့ ကိုယ့်ဆိုင်က ဆရာတွေရဲ့စိတ်ကြိုက်ပေါ့။ သူတို့လုပ်ပေးတဲ့အတိုင်းပဲ ထားဖြစ်ပါတယ်’လို့သူမက ပြောပြပေးခဲ့ပါတယ်။
အသားအရေ လှပအောင် ထိန်းသိမ်းရတာ အရင်ကတည်းက ၀ါသနာပါတယ်လို့ ဆိုတဲ့ န၀ရတ်

Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။