ချစ်သူထံမှ လက်ထပ်ခွင့် တောင်းဆိုမှု အပြီး ကျောက်ကမ်းပါးကနေ ဝမ်းနည်းဖွယ် ပြုတ်ကျသေဆုံးသွားခဲ့တဲ့ အမျိုးသမီး

istock_000016796934small-558x279_1.jpg

ဘဝကြင်ဖော်အဖြစ် လက်တွဲသွားဖို့ ချစ်သူရည်းစားဖြစ်ထံကနေ လက်ထပ်ခွင့် တောင်းဆိုခံရပြီးတဲ့နောက် အသက် ၂၉ နှစ်ရှိ Dimitrina Dimitrova ဆိုသူမှာ ကျောက်ကမ်းပါးကနေ ပြုတ်ကျသေဆုံးသွားခဲ့ပါတယ်။

ဘိုလ်ဂီးရီးယားလူမျိုးဖြစ်တဲ့ ၄င်းတို့ ချစ်သူစုံတွဲဟာ ဒီဝမ်းနည်းဖွယ် အဖြစ်အပျက် ကြုံတွေ့တဲ့အချိန်မှာ Ibiza က Cala Tarida ကျောက်ကမ်းပါး ထိပ်ဖျားမှာ အနားယူ အပန်းဖြေလျက် ရှိနေခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနေရာဟာ သူရဲ့ ရင်သပ်ရှူမော၊ အံ့မခန်းဖွယ်ရာ ရှုခင်းတွေကြောင့် နာမည်ကြီး လူသိများတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

ကြားရတဲ့ သတင်းစကားကြောင့် စိတ်လှုပ်ရှား ဝမ်းသာလွန်းလို့ သူမ ဟန်ချက်ပျက်သွားခဲ့တာဖြစ်ကြောင်း Daily Mail သတင်းအရ သိရပါတယ်။ Dimitrova သေဆုံးရခြင်း အကြောင်းရင်း က ကျောက်ကမ်းပါး ပေါ်ကနေ ပြုတ်ကျခြင်းဆိုတာထက် နှလုံးရောဂါကြောင့်ပဲ ဖြစ်ပါတယ်။ အခင်းဖြစ်ပွားရာသို့ ဆေးဘက်အကူတွေ ရောက်လာတဲ့အချိန်မှာ သတိလစ်နေခဲ့တာဖြစ်ပေမယ့် အသက်ရူနေသေးတယ်။ ကံမကောင်းစွာနဲ့ ဒဏ်ရာတွေကြောင့် သူမဟာ အသက်ဇီဝိန် ချုပ်သွားခဲ့တယ်။ 

Ref: firsttoknow

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.