ဆီးချိုရောဂါ အခြေအနေကို စောင့်ကြည့်စစ်ဆေးပေးနေမယ့် ယာယီတက်တူး

sn_tattooh.jpg

နောက်နောင်ဆို ဆီးချိုရောဂါဝေဒနာရှင်တွေအတွက် အပ်ကို အသုံးပြုတော့မှာ မဟုတ်တော့ပါဘူး။ တက်တူးတစ်ခုသာ လိုအပ်တော့မှာ ဖြစ်ပါတယ်။ သုတေသီတွေက စာရွက်နဲ့ အဓိကပြုလုပ်တဲ့ ယာယီတက်တူးတစ်မျိုး စမ်းသပ် တီထွင်ခဲ့ကြပါတယ်။ ဆီးချိုရောဂါတိုင်းတာဖို့ အတွက် အရေပြားကို သိပ်မပြင်းထန်တဲ့ လျှပ်စစ်ဓာတ်နဲ့ လိုက်စေမှာဖြစ်တယ်။ ဓာတ်ခွဲခန်းထဲ ကာဗွန်ဟိုက်ဒရိုက် များစွာပါတဲ့ အစားအစာကိုစား၊ နေစဉ် တက်တူးထိုးပေးထားတဲ့ အမျိုးသား ၄ဦးနဲ့ အမျိုးသမီး ၃ဦး စုစုပေါင်းလူ ၇ ဦးကို စမ်းသပ်လေ့လာရာမှာ ၄င်းကိရိယာ(ပုံထဲက) က ဆီးချိုရောဂါတိုင်းတာမှုအတွက် သုံးနေကျရှေးမူလနည်းစနစ်ကဲ့သို့ ထိရောက်မှုရှိခဲ့ပါတယ်။

စမ်းသပ်မှု လုပ်နေစဉ် အတောအတွင်း စမ်းသပ်ခံသူထဲ တစ်ဦးတစ်ယောက်မှ ဘယ်လို မသက်မသာဖြစ်ခြင်းမျိုးပြောဆိုခဲ့ခြင်း မရှိခဲ့ဘူးလို့ ဆိုပါတယ်။ သို့ပေမယ့် တက်တူးမှ တိုင်းတာမှု ဆောင်ရွက်နေစဉ် တဆစ်ဆစ်တော့ ခံစားရတယ်လို့ တစ်ချို့က ထောက်ပြခဲ့ကြတယ်။ ဝေဒနာရှင်တွေရဲ့ ကျန်းမာရေး အခြေအနေစောင့်ကြည့်ပေးနေမယ့် ၄င်းကိရိယာမှာ ကိန်းဂဏန်းဖြင့် ဖော်ပြပေးရန် စီစဉ်ထားခြင်းတော့ မရှိသေးပေမယ့် ၄င်းကတ်ထဲမှာတော့ ပါဝင်နေပြီဖြစ်ပြီး နောက်တခြား သုံးလို့ရနိုင်မယ့်နည်းက Bluetooth မှတဆင့် လူနာရဲ့ ဆရာဝန်ဆီ အချက်အလက်ကို အချိန်နဲ့တပြေးညီ ပေးပို့ခြင်းလည်း ပြုလုပ်နိုင်တယ်။ သုတေသီတွေအနေနဲ့ ၄င်းကိရိယာကို ဈေးနှုန်း သက်သက်သာသာဖြစ်အောင် လုပ်ပေးထားကြောင်း သိရပါတယ်။ 

Ref: sciencemag

1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.